စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအပ်နှံကြစို့ ဆိုင်းဘုတ်စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအပ်နှံကြစို့ ဆိုင်းဘုတ်စိုက်ထူ





MNP ၊ မေ  ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် စလင်းမြို့နယ်ပညာရေးမှူးကြီးမှ ကြီးကြပ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ အမြန်ကျောင်းအပ်နှံကြစို့ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စိုက်ထူခဲ့ကြောင်း သိရသည်။


အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာသို့ စလင်းမြို့နယ်ပညာရေးမှူး ဦးသိန်းဌေးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။ စလင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ဆိုင်းဘုတ်စိုက်ထူခြင်းကို စလင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းနှင့် စလင်းမြို့ မင်းဘူး-စလင်း ကားလမ်း မီးပွိုင့်လမ်းဆုံ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တို့တွင် စိုက်ထူခဲ့သည်။ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်စေရန် အသိပညာပေးစိုက်ထူခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)