ဂွမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ပဉ္စမအကြိမ် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ပဉ္စမအကြိမ် ထိုးနှံပေးလျက်ရှိ




MNP ၊ မေ  ၁၀

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စတုတ္ထအကြိမ် ထိုးနှံပြီးစီး၍ ခြောက်လပြည့်သူများကို မေလ(၈)ရက်နေ့ နံနက်ပိုင်းမှ စတင်ကကာ စုရပ်(၃)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်း ပဉ္စမ အကြိမ် ထိုးနှံပေးလျက်ရှိသည်။


  ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများကို စတုတ္ထအကြိမ်ထိုးနှံပြီးစီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား ပဉ္စမအကြိမ်အဖြစ် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများအား ထိုးနှံပေးခဲ့သည်။


အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို  မေလ ၈ ရက်နေ့တွင် ကိုဗစ်ကာကွယ် ဆေးလာရောက်ထိုးနှံသူ (၂၀)ဦးနှင့် မေလ ၉ရက်နေ့တွင် ကိုဗစ်ကာကွယ် ဆေးလာရောက်ထိုးနှံသူ (၃၄)ဦး ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)