Pages

Pages

ဂွမြို့နယ် ရွှေဦးကွင်းကျေးရွာရှိ မုန်တိုင်းသင့်နေအိမ်များအား တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိ






MNP ၊ မေ  ၁၅

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရွှေဦးကွင်းကျေးရွာရှိ မုန်တိုင်းသင့်နေအိမ်များအား ယမန်နေ့ ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့် ဂွမြို့နယ် ရွှေဦးကွင်းကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း(၃) ကျောင်း၊ ဆေးပေးခန်း(၁)ခန်း၊ နေအိမ်(၁၆၉)လုံး ပျက်စီးခဲ့ရာ နယ်မြေတပ်ရင်းမှ တပ်မတော်သားများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အချိန်နှင့် တစ်ပြေးညီကူညီကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost






No comments:

Post a Comment