ကျိုက်ထိုမြို့၌ ကျောင်းအပ်နှံရေးသီတင်း ပတ် ဆိုင်းဘုတ်ထူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့၌ ကျောင်းအပ်နှံရေးသီတင်း ပတ် ဆိုင်းဘုတ်ထူပွဲ ကျင်းပ




MNP ၊ မေ  ၉

     မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် "ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆိုင်းဘုတ်ထူပွဲကို ယနေ့နံနက် (၉ )နာရီအချိန်က ကျိုက်ထိုမြို့နယ် ပညာရေးမှူးရုံးရှေ့ ၌ စိုက်ထူခဲ့သည်။


   ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ် အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခြင်းကို မြိုနယ်ပညာရေးမှူးဦးမောင်ညို၊ဒုတ်ိယမြို့နယ်ပညာရေးမှူးဦးစိုးမိုးအေးနှင့်တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။


 အဆိုပါဆိုင်းဘုတ်ထူပွဲသို့ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်းသိရသည်။

 

ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)