Pages

Pages

မြောက်ဦးမြို့၌ မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျှက်ရှိ




MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှ ဝန်ထမ်းများ၊ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က တောင် ရပ် ရပ်ကွက် မြို့မ ဈေး၌ လမ်းဘေးဝဲယာရှိ ဈေးရောင်း၊ဈေးဝယ် ပြည်သူများ၊ ခရီးသွား ပြည် သူများကို မုန်တိုင်းဘေး အန္တရာယ်အသိပ ညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။


မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ် အော်အရှေ့ တောင်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း  သည် ပိုမိုအားကောင်း လာ နိုင်ကာ မုန်တိုင်း အဖြစ်သို့ ရောက်ရှိလာ ပြီဖြစ်တတ်အတွက် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိ ပညာပေးဟောပြောကြပြီး မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်လျှက်ရှိသည့် သတင်း များအား ကြည့်ရှုနားဆင်ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။


လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ ထုတ်ဝေသည့် မုန်တိုင်း အတွက်  ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်း သတိပေးချက်ရလျှင် ဆောင် ရွက် ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အ ချက်များ ၊ မုန်တိုင်းပြီးဆုံးချိန်တွင် ဆောင်ရွက်ရမည့်အချက်များ စသည့် အကြောင်းအရာများ ပါရှိသည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment