MNP ၊ မေ ၁၃
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများမှ ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးလွတ်ရာနေရာ ယာယီစခန်းများသို့ ဆက်လက်ပြောင်းရွှေ့ပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့၏ယာယီခိုလှုံရာစခန်းများဆီသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြသည့် ငမောက်ချောင်း ကျေးရွာအုပ်စု ၊ ဖောင်းခါးကျေးရွာအုပ်စု ၊ ဂျီပြင်ကျေးရွာအုပ်စု ၊ အရှေ့ဘက်ကျေးရွာအုပ်စု ၊ ညောင်ပင်ဆိပ် ကျေးရွာအုပ်စု နှင့် ကုလားရောင်ကျေးရွာအုပ်စု ရှိကျေးရွာများမှ ပြည်သူများအား တောင်ကုတ်မြို့ပေါ်ရှိ သိမ် တောင်ဘုရားကြီးကျောင်းတိုက် ၊ အာလိန်ငါးဆင့်ကျောင်းတိုက် ၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ၊ ဝိသုတာရာမ ကျောင်းတိုက်နှင့်သဒ္ဓမ္မရောင်ရှိန်ကျောင်းတိုက်များတွင်စီစဉ်နေရာချထားပေးပြီး အချို့ပြည်သူများအား ကျေး ရွာရှိ Cyclone Shelter များ ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စီစဉ်နေရာချထား ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ ယာယီခိုလှုံမည့်စခန်းများသို့ပြောင်းရွှေ့ပြီးသူစုစုပေါင်း(၅၇၀၅)ဦးရှိ ကြောင်းလည်းသိရသည်။
အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ခိုလှုံကြသည့် ပြည်သူများအား ရွှေ့ပြောင်းပေးရေး ၊နေထိုင်စားသောက်ရေး ၊ ကျန်းမာရေးကိစ္စများအဆင်ပြေစေရန်အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment