ရသေ့တောင် မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်





MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ရသေ့တောင် မြို့ နယ်၌  မုန်တိုင်းအန္တရယ်အသိပေးနှိုးဆော်ခြင်းကိုယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့‌သည်။


     ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့တို့ပူးပေါင်းပါဝင်သောအဖွဲ့က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတိပေးချက်(၀၂/၂၀၂၃)အရယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည်အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးဆက်လက်တည်ရှိနေပါသည်။ 


မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (CocoIsland)၏တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်၊ စစ်​တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏အနောက်-

အနောက်မြောက်ဘက် ရေမိုင်(၃၁၀)မိုင်ခန့်၊ ပို့ပလဲယား(Port Blair) ၏အနောက်တောင်ဘက်ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ 


(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်သည့်အတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ မိဘပြည်သူများအနေဖြင့် ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရေလမ်းခရီးသွားလားခြင်း၊ရုတ်တရလေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းနှင့်ချောင်းငယ်မြစ်ငယ်များ အနီးတွင်နေထိုင်ကြသော ပြည်သူများ၊သက်ကြီးရွယ်အို ဘိုးဘွားများ  နှင့် နာမကျန်းဖြစ်နေသည့်ဘိုးဘွားများ အနေဖြင့် နီးစပ်ရာဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများသို့ ကြိုတင်ပြောင်း ရွှေ့ပေးကြပါရန် နှင့် မိမိတို့၏နေအိမ်များကြံ့ခိုင်မှုရှစေရေးကြိုတင်ပြင်ဆင်ထားကြရန်၊ရိက္ခာခြောက်များ စုဆောင်းထားကြရန်အသိပေးနှိုး

ဆော်ခဲ့ကြောင်းသိရသည်။


ရသေ့တောင် မြို့နယ်တွင်  မုန်တိုင်းဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက်အများပြည်သူသွားလာရာလမ်းများ၊ ဘုတ်ဆိပ်၊ ‌သင်္ဘောဆိပ်နှင့်လမ်းဆုံ/လမ်းခွများသို့ သွားရောက်ပြီး အများပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။


ရသေ့တောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)