ကမ္ဘာအရပ်ရပ်က ကြည့်ရှုအားပေးခဲ့ကြတဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာအရပ်ရပ်က ကြည့်ရှုအားပေးခဲ့ကြတဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ















နေပြည်တော်၊ မြို့တော်ခန်းမ၊ လဟာပြင်ကဇာတ်ရုံကြီးမှာ (၆-၅-၂၀၂၃) ရက်နေ့က ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ပေါင်းပြီး (၃)နှစ်စာအတွက် စီစဉ်ကျင်းပခဲ့ရတဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲဖြစ်တာနဲ့အညီ အချိန်အားဖြင့်လည်း ညနေ ကတည်းက စတင်ရာမှာ ညသန်းခေါင်ကျော်သွားခဲ့ပါတယ်။ ထူးခြားတဲ့အစီအစဉ်တွေလည်း ပါဝင်တာကြောင့် အချိန်အားဖြင့် ပိုပြီး ကြာမြင့်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအနေနဲ့ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ဖို့ မကျင်းပမီ ပြင်ဆင်နေစဉ်ကတည်းက အကြိမ်ကြိမ်သွားရောက်စစ်ဆေးပြီး စနစ်တကျ ဆောင်ရွက်ခဲ့တဲ့ အခမ်းအနားကြီး ဖြစ်ပါတယ်။ ဆုပေးပွဲညမှာလည်း ပြည်ထောင်စုဝန်ကြီးက အနုပညာရှင်တွေအားလုံးကို ပီတိအပြုံးတွေနဲ့ လိုက်လံနှုတ်ဆက်ခဲ့တာကို တွေ့ရပါတယ်။ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီး တက်ရောက်အားပေးခဲ့ပါတယ်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကြီးကို ရုပ်သံလိုင်းတွေ၊ အွန်လိုင်းပလက်ဖောင်းတွေက Live ထုတ်လွှင့်ပြသပေးခဲ့တဲ့ အပေါ်မှာ ထူးခြားတာက ပြည်တွင်းမှာ ရှိတဲ့ ပရိတ်သတ်များသာမက ကမ္ဘာအရပ်ရပ်ကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများလည်း ဝင်ရောက်ကြည့်ရှုအားပေးခဲ့တဲ့ အတွက် ကြည့်ရှုအားပေးမှုက စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ဆုများရွေးချယ်ပေးအပ်တဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်လည်း နိုင်ငံရေးပယောဂမပါဘဲ အနုပညာဖန်တီးမှုအပေါ်မှာ ပေးသင့် ပေးထိုက်သူတွေကို ရွေးချယ်ပေးအပ်တာကို တွေ့ကြရမှာပဲဖြစ်ပါတယ်။ အကယ်ဒမီဆုရ အနုပညာရှင်တွေရဲ့ ရင်ထဲမှာတော့ အစိုင်အခဲတချို့ ရှိနေလိမ့်မယ်လို့ ယူဆရပါတယ်။ သူတို့ရဲ့ ရင်တွင်းစကားကိုပင် အားရဝမ်းသာ မပြောနိုင်ရှာပဲ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါဆိုတဲ့ စကားနဲ့ပဲ တိုတိုတုတ်တုတ် ပြောသွားတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

နိုင်ငံတော်အကြီးအကဲများကတော့ ဒီအခမ်းအနားကြီးကို နိုင်ငံရေးပယောဂမပါဘဲ အနုပညာရှင်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဖန်တီးပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြားသွားတဲ့ မိန့်ခွန်းမှာဆိုရင်လည်း အမျိုးသားရေးကို ရှေးရှုဆောင်ရွက်ဖို့၊ မိမိတို့၏ အနုပညာ ဖန်တီးမှုများကို တိုးတက်လာအောင် ကြိုးပမ်းအားထုတ်ကြဖို့ ပြောဆိုသွားပါတယ်။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ မိန့်ခွန်းမှာ "နိုင်ငံနှင့် လူမျိုးကို ချစ်တဲ့စိတ်၊ တရားဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားကောင်းစိတ်၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ကောင်းစေတနာနဲ့ ရုပ်ရှင်သည် ပြည်သူ့အတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဆက်လက်ဖော်ဆောင်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်" ဆိုတာကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ တို့အတွက် အမျိုးသားဇာတ်ဆောင်ဆုများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ဖွင့်ဖောက်ကြေညာပေးခဲ့ပြီး အကယ်ဒမီရွှေစင်ရုပ်ထုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင် ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဒီနေရာမှာ ထူးခြားချက်အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်က အကယ်ဒမီ ရွှေစင်ရုပ်ထုများ ပေးအပ်ရင်း စိုင်းစိုင်းခမ်းလှိုင်၊ မြင့်မြတ်၊ ပြေတီဦးတို့ကို ဝမ်းမြောက်ရွှင်မြူးစွာနဲ့ အားပေးစကားပြောကြားနေတာကိုလည်း တွေ့ရပါတယ်။ အထူးအားဖြင့် ပြေတီဦး ဆိုရင် CDM လှုပ်ရှားမှုတွေမှာ ဦးဆောင်ခဲ့သူ ဆိုတာမျိုးကြောင့် နိုင်ငံတော်အကြီးအကဲများက မျက်နှာပျက်မသွားပါဘူး။ ပိုပြီးတော့တောင် အားပေးစကားကို လှိုက်လှိုက်လှဲလှဲ ပြောဆိုတာကို တွေ့ရပါတယ်။

အစိုးရတစ်ရပ်ဆိုတာ မတူညီတဲ့ ပြည်သူလူထုအပေါ် ကျောသား ရင်သားမခွဲခြားဘဲ ဆက်ဆံရမယ်။ နာယကဂုဏ်၊ မင်းကျင့်တရားတို့နဲ့အညီ ရပ်တည်ဆောင်ရွက်ပေးရမယ်။ မမှားသော ရှေ့နေ၊ မသေသော ဆေးသမားဆိုတာ မရှိသလိုပဲ လူဖြစ်တဲ့ အတွက် မိမိတို့ရဲ့ အတ္တ၊ မာနတွေအတွက် မှားတတ်တဲ့ သဘောလည်း လက်ခံရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ အလုံးစုံပျက်သုဉ်းရေး လှုံ့ဆော်မှုတွေနောက်မှာ အနုပညာရှင်တွေ လိုက်ပါလှုံ့ဆော်ခဲ့ကြတယ်။ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ကြခြင်းကြောင့် ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ရသလို နိုင်ငံတော်ဘက်က သက်ညှာပေးနိုင်တဲ့ အခွင့်အာဏာနဲ့ ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးခဲ့တာလည်း အားလုံး အသိပါပဲ။

အမျိုးသားဇာတ်ဆောင်ဆုရ ပြေတီဦး၊ အမျိုးသမီးဇာတ်ဆောင်ဆုရ အိန္ဒြာကျော်ဇင် တို့ဆိုရင် CDM လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သည့်တိုင်အောင် ဒါတွေလုပ်ခဲ့လို့ ဒီဆုမပေးဘူးဆိုတဲ့ ကန့်သတ်ချက်မျိုး မရှိပါဘူး။ ရုပ်ရှင်ထူးချွန်ဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ပေးသင့်ပေးထိုက်လို့ ရွေးချယ်ခဲ့သူတွေ ရကြတာပါပဲ။ ယနေ့ အချိန်ထိအောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ကို အာဏာရှင်အဖြစ် ပုံဖော်နေကြတဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေကို ချပြလိုက်တဲ့ သဘောလည်း သက်ရောက်ပါတယ်။

အနုပညာအသိုင်းအဝိုင်းမှာလည်း ဘက်မတူတာတဲ့ သဘောတွေ ရှိပါတယ်။ ဒီနေရာမှာ တည့်တည့်ပြောရရင်တော့ NLD ဘက်တော်သား အနုပညာရှင်များဟာ NLD အစိုးရလက်ထက်မှာ NLD ကို ဝေဖန်ထောင်ပြလိုတဲ့ အနုပညာရှင်ဆိုရင် အဖတ်လုပ်ပြီးတော့တောင် မဆက်ဆံလိုတဲ့ သဘောကို တွေ့ခဲ့ကြရပါတယ်။ တပ်မတော်ကို ထောက်ခံအားပေးတဲ့ အနုပညာရှင်တွေဆိုရင် ဝိုင်းပယ်ပြီး ကြဉ်ဖယ်ခဲ့ကြတဲ့ သဘောတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။ တပ်မတော်ကို အားပေးထောက်ခံတဲ့ အနုပညာရှင်များမှာ တည်ငြိမ်မှုနဲ့ မစ္ဆရိယစိတ်ကို မြိုသိပ်နိုင်တယ်ဆိုတာကိုလည်း ဒီနှစ် ရုပ်ရှင်ထုချွန်ဆုပေးပွဲ အခမ်းအနားကြီးက ပြသနေပါတယ်ဗျာ။ 

အနုပညာရှင်များကို အားပေးတဲ့ ပြည်သူများအပိုင်းမှာလည်း နီပိန်းများဟာ ဆိုရင်ဖြင့် ဒီလိုအခမ်းအနားကြီးမှာ တပ်မတော်ရဲ့ ဘက်တော်သား (သူတို့ အလိုအားဖြင့် စစ်ခွေး၊ ဘောမ) တွေသာ အကယ်ဒမီဆုတွေ ရခဲ့မယ်ဆိုရင် လုပ်ပွဲကြီးလို့ ပြောကြမှာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးမှာ CDM လှုံ့ဆော်သူတွေ၊ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ခဲ့ကြသူတွေ ဒကယ်ဒမီရတဲ့ အပေါ်မှာ လည်း ဝေဖန်ပြစ်တစ်ပြောဆိုမှု အင်မတန် နည်းပါတယ်။ အွန်လိုင်း ပလက်ဖောင်းတွေကနေ Live ထုတ်လွှင့် ပြသမှုတွေကို ကြည့်ရှုနေကြတဲ့ ပရိတ်သတ်တွေထဲမှာလည်း ပြည်တွင်း ပြည်ပ က နီပိန်းတွေကပဲ မလျော်ကန်တဲ့ ရိုင်းစိုင်းစော်ကားမှုတွေနဲ့ ဝေဖန်ကြတာကို တွေ့ရပါတယ်။ မိမိတို့ ချစ်ခင်အားပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ရတာပါလားဆိုပြီး မုဒိတာမပွားနိုင်တာကို တွေ့ရပါတယ်။ အမျိုးသားရေးကို အစဉ်သဖြင့် ရှေးရှုရပ်တည်တဲ့ အနုပညာရှင်တချို့ကို ဒီအခမ်းအနားကြီးမှာ မတွေ့ရပါဘူး။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်ခဲ့သူတွေ အကယ်ဒမီရုပ်ထုကြီးတွေ ပိုက်သွားလို့လည်း ဝေဖန်ပြောဆိုမှု မရှိကြပါဘူး။ ဝမ်းြမြောက်ကြတယ်။ မုဒိတာပွားနိုင်ကြပါတယ်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးမှာ တွေ့မြင်ခဲ့ရတဲ့ အနုပညာရှင်တွေ တချိန်က ပြည်ဖျက်မိစ္ဆာတွေရဲ့ လှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လှုံ့ဆော်မှုတွေမှာ လိုက်ပါလုပ်ဆောင်ခဲ့ကြတယ်။ သို့သော် ကာလအပိုင်းအခြား တစ်ခုမှာ အသိမှန် အမြင်မှန် ရပြီး ဥပဒေဘောင်အတွင်းမှာ ပြန်လည်ရပ်တည်ဆောင်ရွက်လာကြတယ်။ 

ယနေ့အချိန်ထိတိုင်အောင် PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြဆဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကြီး ကျင်းပနေချိန်မှာပဲ ဒေသတချို့မှာ PDF အကြမ်းဖက်သမားတွေက အကြမ်းဖက်လှုပ်ရှားမှု လုပ်ဆောင်နေတဲ့ သတင်းတွေ တက်လာခဲ့ပါတယ်။ အနုပညာရှင်တွေရဲ့ လှုံ့ဆော်မှုတွေကြောင့် PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့ထဲ ရောက်နေကြတဲ့ လူငယ်တွေလည်း ရှိနေနိုင်ပါတယ်။ ထိုသို့သော လူငယ်များကိုလည်း ဒီအခမ်းအနားကြီးကနေ အသိပေးလျက်ရှိပါတယ်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ကြဖို့ လှုံ့ဆော်ခဲ့ကြသည့် အနုပညာရှင်များပင်လျင် အသိမှန် အမြင်မှန် ရကြပြီ။ လူငယ်တွေအနေနဲ့ ဘာကြောင့် ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာနသာဖျက်တွေရဲ့ အသုံးချခံအဖြစ်နဲ့ မိမိတို့ ဘဝတွေကို ဘာကြောင့် နစ်မွန်းခံမလဲ။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို အတိဒုက္ခရောက်အောင် လုပ်ဆောင်ဖို့အတွက် မိမိတို့ကိုယ်တိုင်လည်း အတိဒုက္ခမျိုးစုံ ရောက်ခဲ့ရပြီ မဟုတ်ပါလား။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကြီး ကျင်းပမယ်ဆိုတဲ့ အချိန်မှာ အကြမ်းဖက်အဖွဲ့ထဲကို ရောက်နေကြတဲ့ အနုပညာရှင်တွေ၊ ပြည်ပကို ထွက်ပြေးသွားတဲ့ အနုပညာရှင်တွေက အမျိုးမျိုး ဖောင်းထုခဲ့ကြပါတယ်။ အထူးအားဖြင့်တော့ အကြမ်းဖက်အဖွဲ့ထဲမှာ ထမင်းချက် နေရတဲ့ ဒါရိုက်တာ ကိုပေါက်၊ ဗိုလ်ဂျီးမိမော်ကွန်း အနေနဲ့ ပြည်ပကို ထွက်ပြေးသွားတဲ့ ကျော်ကျော်ဌေးလွင် တို့က ဦးဆောင်ပြီး ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကြီးကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။ သူတို့ခမျာမှာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေရဲ့ အသုံးချခံဘဝမျိုးနဲ့ ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လည်းတုတ် ဆိုသလို ရှေ့မတိုးသာ နောက်မဆုတ်သာ နေ့စဉ်နဲ့ အမျှ ဒေါသ၊ မစ္ဆရိယတွေနဲ့ ရှင်သန်နေရတဲ့ သောင်ပြင်မှာ လွှတ်တဲ့ ခွေးများပမာ အထီးကျန်ဆန်လွန်းတဲ့ ဘဝတွေ ဖြစ်ကုန်ပါတယ်။ နီပိန်းတို့ရဲ့ သဘောသဘာဝအတိုင်း ငါနဲ့ မတူ ငါ့ရန်သူလို သဘောထားပြီး အကယ်ဒမီပေးပွဲ တက်ကြမယ့်သူတိုင်းကို ဆဲဆိုရမ်းကားနေတာကို တွေ့ခဲ့ရပါတယ်။

ဆင်ခြင်တုံတရားရှိတဲ့ နီပိန်းတွေကတော့ ဥပဘောင်အတွင်းမှာ ရှင်သန်နေထိုင်နေကြပါပြီ။ ဆင်ခြင်တုံတရားမရှိတဲ့ နီပိန်းတွေမှာတော့ဖြင့် ဆဲဆိုရမ်းကားလို့ အားမရနိုင်ရှာသေးဘူး။ ကျော်ကျော်ဌေးလွင် ခမျာမှာ အကယ်ဒမီဆုပေးပွဲကြီးကို မကြည့်ဘဲလည်း မနေနိုင်ဘူး။ အကယ်ဒမီပေးပွဲကြီးကို ကြည့်လိုက် ဒေါသတွေထွက်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တက်ဆဲလိုက်နဲ့ ဒေါသ၊ မစ္ဆရိယတွေကို မထိန်းချုပ်နိုင်ဘဲ ရှိနေခဲ့လေရဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ မိန့်ခွန်းမှာ ရုပ်ရှင်သည် ပြည်သူ့အတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဆက်လက်ဖော်ဆောင်ပေးကြဖို့ တိုက်တွန်း ပြောကြားသွားသလို အနုပညာရှင်တွေရဲ့ လှုံ့ဆော်မှုတွေကြောင့် လမ်းမှားရောက်ခဲ့ကြသော လူငယ်များအနေနဲ့လည်း ဆင်ခြင်တုံတရားဖြင့် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် မိမိတို့ ဘဝတွေကို နစ်မွန်းမခံဘဲ ဥပဒေဘောင်အတွင်းမှာ နေထိုင်ပြီး မိမိတို့၏ လူမှုစီးပွားဘဝများကို အကောင်းဆုံး ပြန်လည်တည်ဆောက်ကြဖို့ တိုက်တွန်းလိုက်ရပါကြောင်း ။   ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)