MNP ၊ မေ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊မောင်တောမြို့နယ်တွင်သဘာဝဘေးအန္တရာယ် များကျရောက်ပါက ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီစနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန် အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိ Command post တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မောင်တောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်မှုများ ရှိနိုင်သည့် ကျေးရွာအုပ်စု ( ၆)စု၊ အိမ်ထောင်စု ၉၉၄ စု ၊ လူဦးရေ ၈၆၇ ဦး အား ဘေးလွတ်သည့် ခိုလှုံ ရွှေ့ပြောင်းရာ နေရာများသို့ ယနေ့ နံနက်ပိုင်း က မော်တော်ယာဉ်များ ဖြင့် ပြောင်းရွှေ့ပေးလျက်ရှိကြောင်း နှင့် ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ၏ စားဝတ် နေ ရေး အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများက စားနပ်ရိက္ခာများထောက်ပံ့ပေးခဲ့ပြီး ခရိုင်ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း အိမ်ထောင်စုများအတွက် ထောက်ပံ့ ပစ္စည်း(၁၆)မျိုး အသင့် စုဆောင်း ထားရှိပြီး ကူညီ ထောက်ပံ့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment