MNP ၊ မေ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်ရှေ့ မြို့တွင်းလမ်းဆုံမီးပွိုင့်နေရာတွင် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ "ဟူသောမြေစိုက်ပိုစတာ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်းသိရသည်။
အဆိုပါမြေစိုက်ပိုစတာတွင် ၂၀၂၃ ခုနှစ်၊ မေလ (၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိသည် ကျောင်းအပ်နှံရေးသီတင်းပတ် အဖြစ်သတ်မှတ်ထားရာ ကျောင်းသားမိဘများအနေဖြင့် သတ်မှတ်ထားသည့် သီတင်းပတ်အတွင်း မိမိတို့၏ သားသမီးများအား အချိန်မီ ကျောင်းအမြန်အပ်နှံရေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အဆိုပါကျောင်းအပ်နှံရေး မြေစိုက်ပိုစတာဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြည်မျိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးဇော်ဝင်း၊ဒုတိယမြို့နယ်ပညာရေးမှူး ဦးနေညွန့်ဦးနှင့်ကျောင်းအုပ်ဆရာမကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
သန့်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment