MNP ၊ မေ ၁၅
မွန်ပြည်နယ်၊ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ ပြည်လုံးပျော်ရွှင်စေတီ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် စိန်ဖူးတော်အသစ်တင်လှူပူဇော်နိုင်ရေး ကြည့်ရှူ့ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်လုံးပျော်ရွှင်စေတီတော်၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စမ္ပာနဂိုရ်ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် က နဝကမ္မအလှူအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊အခြားအလှူခံရရှိရေး အလှူရှင်များအား ဖိတ်ခေါ်ခြင်းအပြင် ရွှေထီးတော်နှင့်ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက်ဆော်ဩသွားမည်ဖြစ်သည်။
ထိုပြည်လုံးပျော်ရွှင်စေတီတော်ကြီးသည် ရန်ကုန်-မော်လမြိုင် ကားလမ်းဘေး မလတ်တောင်တွင်တည်ရှိပြီး စေတနာရှင်အလှူရှင်များအနေဖြင့် စေတနာသဒ္ဒါတရားထက်သန်စွာဖြင့်ပါဝင်လှူဒါန်းနိုင်ပါကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment