ကျောက်တော်မြို့ရှိ မုန်တိုင်းကြောင့် အမိုးလန် ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်မှု ကြည့်ရှုစစ်ဆေး၊ ကျောင်းသား/ကျောင်းသူများနှင့် တပ်မိသားစုဝင်များအား စားကုန်ပစ္စည်းများနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့ရှိ မုန်တိုင်းကြောင့် အမိုးလန် ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်မှု ကြည့်ရှုစစ်ဆေး၊ ကျောင်းသား/ကျောင်းသူများနှင့် တပ်မိသားစုဝင်များအား စားကုန်ပစ္စည်းများနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်




MNP ၊ မေ ၂၈

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်း တို့သည် တာဝန်ရှိသူများ လိုက်ပါ လျက် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ အခြေခံ ပညာကျောင်းများသို့ သွားရောက်၍ မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့သည့် စာသင်ဆောင်များ၊ ရုံးခန်းများနှင့် ဆရာ/ဆရာမများ နားနေ ဆောင်များ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့ စွာ ပညာသင်ကြားနိုင်ရေးအတွက် လုပ်ငန်းများ ကျောင်းဖွင့်ချိန်တွင် အချိန်မီ ဆောင်ရွက်ပြီးစီး နိုင်ရေး လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်ကာ ကျောင်းသုံး ကျောပိုးအိတ်များ ထောက်ပံ့ ပေးအပ်ပြီး ကျောက်တော်မြို့ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းသို့ သွားရောက်၍ အဆောက် အဦများအမိုးလန်ပျက်စီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပြန်လည် ပြုပြင်တည်ဆောက်နိုင်ရေး အတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ထိုမှတစ်ဆင့် အဖွဲ့ဝင်များသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပုဏ္ဏားကျွန်း တပ်နယ်သို့ သွားရောက်၍ နယ်မြေခံတပ်ရင်းရှိ မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော နေအိမ်လိုင်းခန်းများနှင့် အဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ တပ်နယ်အတွင်း တာဝန်ရှိသူများက သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် အဝီစိတွင်းများ တူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုကြသည်။

ယင်းနောက် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များအား ရင်းရင်း နှီးနှီးတွေ့ဆုံနုတ်ဆက် အားပေးအမှာစကား ပြောကြားပြီး လူသုံးကုန်ပစ္စည်းများ၊ စားကုန် ပစ္စည်းများ၊ စာရေးကိရိယာများနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)