ပုဏ္ဏားကျွန်းမြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ




MNP ၊ မေ  ၁၀

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲသစ် (XBB.1.16)ကူးစက်ဖြစ်ပွားမှုနှုန်းကို လျော့ချထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေး ပဉ္စမအကြိမ်အပိုဆောင်းနှင့်စတုတ္ထအကြိမ်၊ တတိယအကြိမ် (Booster Dose)ထိုးနှံခြင်းကို ယနေ့၊ နံနက်(၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန တွင် ထိုးနှံပေးလျက်ရှိသည်။


         ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာ ရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းတို့စသည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကြိမ်ရေအလိုက် ထိုးနှံပေးခဲ့သည်။


အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွင် ယမန်နေ့က ပဉ္စမအကြိမ် အပိုဆောင်းကာကွယ်ဆေးထိုးနှံသူ ၁၉ ဦး၊ စတုတ္ထအကြိမ် ထိုးနှံသူ ၄ ဦးနှင့်တတိယအကြိမ်ထိုးနှံသူ ၁၄ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးနှင့်ပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)