Pages

Pages

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်တက်ရောက်



MNP ၊ မေ  ၁၁

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာ စကားပြောကြားသည်။


အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကျင်းပပြုလုပ်သည့် ချင်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် တတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီးဖြစ် သည့်အတွက် မိမိတို့ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ ၊ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်သည့်အခါ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးမည့် အမှန် တကယ်လိုအပ်သည့် အချက်များကို ဆွေးနွေးတင်ပြရန်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအသီးသီးမှ တင်ပြချက်များသည် အမှန် တကယ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အချက်များကိုသာ တင်ပြဆွေးနွေးကြရန် ဖြစ်ကြောင်းဖြင့် အမှာ စကား ပြောကြားသည်။


ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် နေသော မုန်တိုင်းအခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ထုတ်ပြန် သည့် ထုတ်ပြန်ချက်၊ ညွှန်ကြားချက်များနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် အမှန်တကယ်လိုအပ်ချက်များကို ကြိုတင်ဖြည့်ဆည်းဆောင်ရွက်နိုင်မှ သဘာဝဘေး အန္တရာယ် ကြုံတွေ့ရသည့်အခါ အကောင်းဆုံး တုန့်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများဖြစ်ကြ သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဇင်အေးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးရန် လိုအပ်သည့် အချက်များကို တင်ပြကြသည်။


ထို့နောက် တင်ပြချက်များအပေါ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက အကြံပြု ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment