MNP ၊ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ဟင်္သာတမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းယုတို့မှ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မှ မေလ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိဖြစ်ပြီး ကျောင်းအပ်နှံရေး ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဖြစ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ် စိုက်ထူစိုက်ထုပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးရုံးမှ ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment