ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဆူးကဏန်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး ရာသီသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်)နှင့် ထုံးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဆူးကဏန်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး ရာသီသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်)နှင့် ထုံးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်











MNP ၊ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ဆူးကဏန်းကျေးရွာအုပ်စု တောင်သူ ဦးတင်နွယ်ဦး ၏ ကွင်းအမှတ် (၁၃၀)၊ ဦးပိုင်အမှတ် (၁၇) တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) နှင့် ထုံးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီခွဲခန့်ကကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က တောင်သူဦးတင်နွယ်ဦး၏ စိုက်ပျိုးမြေ (၃.၅) ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို စိုက်ပျိုးထားရှိကြောင်း၊ သစ်စိမ်းမြေသြဇာတစ်ဧကစိုက်ပျိုးလျှင် သစ်စိမ်းမြေသြဇာအစိုတန် (၁၁.၈) တန် ထွက်ရှိပြီး ယူရီးယားဓာတ်မြေသြဇာ( ၂.၅ )အိတ်၊ တီစူပါ(ဝ.၃၃) အိတ်၊ ပိုတက် (၂) အိတ်နှုန်းနှင့်ညီမျှကြောင်းကို ဝန်ကြီးချုပ်နှင့်တောင်သူများအားရှင်းလင်းတင်ပြခဲ့သည်။ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တောင်သူများက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းနှင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် ထုံးထည့်သွင်းခြင်းကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသောတောင်သူများနှင့် စိုက်ပျိုးရေးကိစ္စများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)