အမ်းမြို့နယ်တွင် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိ ရောက်စွာအကောင် အထည်ဖော်ဆောင် ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်း ပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိ ရောက်စွာအကောင် အထည်ဖော်ဆောင် ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်း ပ





MNP ၊ မေ  ၈

ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊အမ်းမြို့နယ်တွင် သဘာဝဘေးအ န္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ အ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ ၃၀ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


    ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင်က အမ်းမြို့နယ်အနေဖြင့် မုန်တိုင်းဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်မှုများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ သဘာဝဘေး အန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့် သဘာဝဘေး ကာ ကွယ်ရေးအတွက် ကြိုတင်အစီအမံများ ဆောင်ရွက်ထားရှိမှုများ၊ သဘာ၀ဘေးအန္တရာယ်များကြောင့်ပြည် သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက် ဆုံးရှုံးမှု လျော့နည်းသက် သာစွာနှင့် အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် စနစ်တကျစီမံခန့်ခွဲနိုင်ရန် လုပ်ငန်းကော်မတီများ အနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းအစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး၊ရပ်ကွက် /ကျေး ရွာများအနေဖြင့် သဘာဝဘေးအန္တ ရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ၊ ပြန်လည်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ကြိုတင်ပြင်ဆင်စီမံထားရှိရေး၊ သဘာဝဘေး ကာကွယ်နိုင်ရေးအတွက် အသိ ပညာပေးရေးနှင့် ကြိုတင်ဇာတ်တိုက် ပြုလုပ်ဆောင်ရွက်ထားရှိရေး၊  ပြည်သူများ မုန်တိုင်းဘေး အန္တရာယ်မှ ရှောင်ရှားနိုင်ရေးအတွက် လုံခြုံစိတ်ချစွာ ခိုလှုံနိုင်သည့် နေရာများအား ရွေးချယ်ထားရှိပြီး ကြိုတင်ပြင် ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားရှိရေးစသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။


    ဆက်လက်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က အမ်းမြို့နယ်အနေဖြင့်မုန်တိုင်ဘေးအန္တရာယ်ကျရောက် လာပါက ကြိုတင်ကာကွယ်မှုများ အနေဖြင့် စာရေးရိက္ခာပြတ်လတ်မှုမရှိစေရေး၊သောက်သုံးရေရရှိရေး၊စက်သုံးဆီများဆောင်ရွက်ထားရှိမှု၊သဘာ၀ ဘေးအန္တရာယ်များကြောင့် ဆက်သွယ်ရေးများပြတ်တောက်သွားပါက ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် မြို့နယ်တွင် ဖွင့်လှစ်ထားသည့် command post အဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးခဲ့သည်။ 


 ထို့နောက်သဘာဝဘေး အန္တရာယ်ဆိုင်ရာလုပ်ငန်းကော်မတီများ၊လူမှုရေးအ သင်းအဖွဲ့များက သဘာဝဘေးအန္တ ရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးအတွက်ဆောင်ရွက်ထားရှိမှု ဆောင်ရွက်ရန်လိုအပ်ချက်များအားတင်ပြရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တ ဥက္ကဋ္ဌ က တင်ပြချက်များအပေါ်ပေါင်းစပ်ညှှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)