ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ​မြို့မစျေးအတွင်းစားသောက်ကုန်ပစ္စည်းများ ရောင်းချနေသောဆိုင်များ လိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ​မြို့မစျေးအတွင်းစားသောက်ကုန်ပစ္စည်းများ ရောင်းချနေသောဆိုင်များ လိုက်လံစစ်ဆေး




MNP ၊ မေ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်‌လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲပိုင်းက ဒိုက်ဦးမြို့မစျေးအတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်များသို့ကွင်းဆင်း၍ လက်ရှိ ရောင်းချနေသော ဆန်၊ ဆီ၊ ကြက်သွန်၊ ဆား၊ ခေါက်ဆွဲခြောက်စသည့် အစားအ‌စာများ၊ ဖယောင်းတိုင်နှင့် ဆေးဝါးများရောင်းချနေသောဆိုင်များ၌ မုန်တိုင်းအန္တရာယ်သဘာဝဘေး ဖြစ်ပေါ်လာပါကကုန်များ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် လက်လီ/လက်ကား အရောင်းဆိုင်လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊‌ ဈေးအကျိုးတော် ဆောင်အဖွဲ့မှ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)