MNP ၊ မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲပိုင်းက ဒိုက်ဦးမြို့မစျေးအတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်များသို့ကွင်းဆင်း၍ လက်ရှိ ရောင်းချနေသော ဆန်၊ ဆီ၊ ကြက်သွန်၊ ဆား၊ ခေါက်ဆွဲခြောက်စသည့် အစားအစာများ၊ ဖယောင်းတိုင်နှင့် ဆေးဝါးများရောင်းချနေသောဆိုင်များ၌ မုန်တိုင်းအန္တရာယ်သဘာဝဘေး ဖြစ်ပေါ်လာပါကကုန်များ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် လက်လီ/လက်ကား အရောင်းဆိုင်လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးအကျိုးတော် ဆောင်အဖွဲ့မှ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment