Pages

Pages

ပေါင်မြို့နယ်တွင် ကျေးရွာမိဘပြည်သူများ စုပေါင်းလှူဒါန်းသော ကျောင်းဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားပြုလုပ်ကျင်းပ




MNP ၊ မေ  ၁၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  ကျေးရွာမိဘပြည်သူများ စုပေါင်းလှူဒါန်းသော ကျောင်းဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားပြုလုပ်ကျင်းပခြင်းကို ( အမက )ဒရိန်းကျောင်း၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးနှင့်ကျောင်းအကျိုးတော်ဆောင်များ ကမင်္ဂလာအချိန်တွင် ပန္နက်တော်တင်ကြပြီးအမွေးနံသာများဖြင့် ပက်ဖြန်းကြသည်။


အဆိုပါအဆောက်အဦကိုအလျား  (၃ဝ)ပေ၊အနံ(၃၀)ပေ ၊အမြင့်(၁၂) ပေဖြင့် RC တစ်ထပ်ဆောင် အဖြစ် ငွေကျပ်သိန်း (၁၅၀)ကျပ်အကုန်ကျခံကာဆောက်လုပ်သွားမည်ဖြစ်ပြီး ထိုအဆောက်အဦသည်ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် လိုအပ်လျက်ရှိ​ကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးနှင့် ‌သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများ၊ကျောင်းအကျိုးတော်ဆောင်များ၊‌အလှူရှင်ကျောင်းသားမိဘများနှင့်တာဝန်ရှိသူများတက်ရောက်ကြကျောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment