သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်း များသို့ ပြောင်းရွှေ့နေထိုင်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်း များသို့ ပြောင်းရွှေ့နေထိုင်ရေး ကွင်းဆင်းစစ်ဆေး




MNP ၊ မေ  ၁၀

သံတွဲမြို့နယ်၊ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်း များသို့ ပြောင်းရွှေ့နေထိုင်ရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို ယနေ့ ညနေ ၃ နာရီက  နာရီက  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှတာဝန်ရှိသူများ ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်းသိရသည်။


အဆိုပါ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်းများဖြစ်သည့် ဂျိတ္တောရပ်ကွက်ရှိ ဂျိတ္တောကျောင်းကြီး၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်း၊ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်၊ မဒေးတောင်ဘုရားကုန်းတော်ပေါ်ရှိ ဓမ္မာရုံ၊ ညောင်ဝိုင်း ဘုန်းတော်ကြီးကျောင်း၊မြပြင်ကျေးရွာရှိ မြရတနာဘုန်းတော်ကြီးကျောင်း တို့တွင် ဒေသခံပြည်သူများ ဘေးအရာန္တရာယ်ကင်းရှင်းစွာနေထိုင်နိုင်ရေး၊ သောက်သုံးရေ သိုလ်လှောင်ထားရှိမှု ၊ ထင်းများ သိုလ်လှောင်ထားရှိမှုထမင်း၊ ဟင်းချက်ပြုတ်မည့် စားဖိုချောင်များအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး  လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဥက္ကဌ တာဝန်ရှိသူများသည် ပင်လယ်ကမ်းခြေတွင် နေထိုင်ကြသော တံငါသည်ပိုက်တဲများတည်ရှိရာ ကမ်းခြေများသို့သွားရောက်၍ ပြည်သူများအား ယနေ့ည ၇ နာရီအပြီး  သတ်မှတ်ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ကြရန် သတိပေးမှာကြားခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)