MNP ၊ မေ ၃၁
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ရန်ကုန်မြို့ရှိ ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ်. အေ. အယ်လ်-ကူဝေရီ အား ယနေ့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန်က “မိုခါ” ဆိုင်ကလုန်းဒဏ်ကြောင့် ပျက်စီးမှုများအတွက် အစိုးရမှ အကူအညီပေးနေမှု၊ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်နေမှုများနှင့် တိုးတက်မှု အခြေအနေများ၊ အာဆီယံတူညီဆန္ဒ (၅) ချက်ကို မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်နေမှု အပါအဝင် မြန်မာ-ကာတာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment