ရမ်းဗြဲမြို့၌ မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ






MNP ၊ မေ  ၈

ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့နယ်တွင်  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၏ ကြီးကြပ်မူဖြင့်  သဘာဝဘေးကာကွယ်တားဆီးရေး စီမံခန့်ခွဲမူလုပ်ငန်းကော်မတီဝင်များပူးပေါင်းပြီး ယနေ့ နံနက်(၈)နာရီအချိန်က လူစည်ကားရာ  လမ်းဆုံ/လမ်းခွနှင့်ချောင်းကမ်းနားဘေးတွင်   နေထိုင်သည့် ပြည်သူများအားမုန်တိုင်း အသိပညာပေး   လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မုန်တိုင်း  အသိပညာပေး လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။    

 

အသိပညာပေးလက်ကမ်းစာစောင်တွင်လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထုတ်ဝေသည့်  မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ ၊ မုန်တိုင်းသတိပေးချက်ရလျင်ဆောင်ရွက်ရန်အချက်များ ၊ ရှောင်ရန်သင့်သည့်အချက်များ ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင်  ပြုလုပ်ရန်အချက်များ စသည့််အချက်များပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြပြီး  ပြည်သူများအနေဖြင့်  မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမူးဦးစီးဌာန  (နေပြည်တော်)မှ ထုတ်ပြန်ထားသည့်  အချက်အလက်များအား   သိရှိနိုင်ရန်သတင်းများ ၊ ရေဒီယိုများ ၊TV များကြည့်ရူ့ နားဆင်ကြရန်နှင့် သဘာဝဘေးအန္တရာယ်  ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ဆောင်ရွက်ကြရန်  အသိပညာပေး  ပြောကြားခဲ့ကြောင်း  သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)