ကျောက်ဖြူအကျဉ်းထောင်မှ ဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူများ မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ရွှေ့ပြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူအကျဉ်းထောင်မှ ဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူများ မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ရွှေ့ပြောင်း





MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကျဉ်းဦးစီးဌာန၊ ကျောက်ဖြူအကျဉ်းထောင်မှ ဝန်ထမ်းများ၏ မိသားစုဝင်များနှင့် ပြည်သူများသည် ယမန်နေ့ နံနက်ပိုင်းကစ၍ မုန်တိုင်းဘေးလွတ်ရာ နေရာများဖြစ် သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန် ရောက်ရှိလာကြောင်း မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 


ထိုသို့ ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြသည့် ကျောက်ဖြူအကျဉ်း ထောင်မှ ဝန်ထမ်းမိသားစုဝင်များအား သတ်မှတ်ခိုလှုံရာနေရာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် လည်းကောင်း၊  ငလပွေ့ရပ်ကွက်ခိုလှုံရာစခန်းသို့ ခိုလှုံရန်ရောက်ရှိလာသည့် ရပ်ကွက်နေပြည်သူများ အား ငလပွေ့ရပ်ကွက်စာသင်ကျောင်းတွင်လည်းကောင်း လာရောက်ခိုလှုံလျက်ရှိရာ ၎င်းတို့၏ ပြောင်းရွှေ့နေထိုင်ရေး၊ ချက်ပြုတ်စားသောက်ရေး၊ သောက်သုံးရေများလုံလောက်မှုရှိစေရေး အဆင်ပြေမှုရှိ / မရှိကို ကျောက်ဖြူတပ်နယ် ဗျူဟာမှူး၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ အဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့ဉက္ကဋ္ဌ၊ ဦးမျိုးမင်းထွဏ်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အား စီမံဆောင်ရွက်ပေးခဲ့သည်။ အလားတူ ကျောက်ဖြူခရိုင်/မြို့နယ်ဌာနဆိုင်ရာရုံးများမှ အရေးကြီးစာရွက်၊ စာတမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေစိုမခံနှိုင်သော ကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သတ်မှတ်နေရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိ သည်။


ကျောက်ဖြူမြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်၊‌ကျေးရွာများ၌ ပြည်သူလူ ထုအား အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ ယာယီခိုလှုံရာစခန်းများ သတ်မှတ်ထားရှိခြင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Command Post အဖွဲ့အား ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ထားရှိခြင်း၊ စားနပ်ရိက္ခာ၊ ရေနှင့် ဆေးဝါးများ၊ အရေးပေါ်ဆေးကုရာနေရာများ သတ်မှတ်စုဆောင်းထားရှိခြင်း၊ မုန်တိုင်းသတိပေးချက်များ ကပ်ထားခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီနှိုးဆော်ခြင်းများ စသည့် မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်လျက်ရှိကြောင်း သိရှိရ သည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)