သုံးခွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်


MNP ၊ မေ  ၁၀                   

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။    


ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းအောင်က သဘာ၀ဘေးန္တရာယ်မကျရောက်မှီကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်နားခိုရာ နေရာများသို့ရွှေ့ပြောင်းရန်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်သတင်းများကို စောင့်ကြည့်၍ကြိုတင်ပြင်ဆင်ထားကြရန်စသည့် အကြောင်းအရာများပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးဦးတင်မျိုးလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့၀င်များ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် သရုပ်ပြသကြရာ အရေးပေါ်ယာယီရွက်ဖျင်တဲထိုးနည်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ လက်တွေ့အသုံးပြုပုံကို လက်တွေ့သရုပ်ပြသခြင်း၊ အရေးပေါ်‌ရေနစ်မြုပ်ရာတွင် အသုံးပြုရန် ၅ ဂါလံရေပုံးများ ဆောင်ရွက်ထားရှိခြင်းများဆောင်ရွက်ခဲ့ကြသည်။                                              


အဆိုပါ သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးအသိပညာ‌ ပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ၁ ဗိုလ်မှူးလင်းမောင်သက်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။


စည်သူလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)