MNP ၊ မေ ၁၁
ရခိုင်ပြည်နယ်၊မောင်တောမြို့တွင်သဘာဝဘေးအန္တရာယ် များကျရောက်ပါက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီစနစ်တကျစီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌဦးနေဦး ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊လူမှုရေးအသင်းဖွဲ့များ ပူး ပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးနေဦး ဦးဆောင်ပြီး နယ် မြေခံ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချူပ်သူရိန်ထွန်းမှ လာရောက်ပူးပေါင်းကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မောင်တော မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်မှုများ ရှိနိုင်သည့် ကျေးရွာအုပ်စုများ ဖြစ်သော ကျောက် ပန္ဒူကျေးရွာ ၊ အင်းဒင်ကျေးရွာ ၊ အလယ်သံကျော်ကျေးရွာ ၊ ဒုညောင်ပင်ကြီး ကျေးရွာ ၊ ပဒင်းကျေးရွာ ၊ ပန်းတောပြင် ကျေးရွာများရှိ ပြည်သူများအား တွေ့ဆုံ၍ ယခုအခါ မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ် ကျ ရောက် နိုင်သဖြင့် ဘေး လွတ်ရာ နေရာသို့ ပြောင်းရွှေ့နိုင်ရေး ၊ ရွှေ့ပြောင်းဆောင်ရွက်မည့် အစီအစဉ်များ နှင့် မုန်တိုင်း အန္တရာယ် ကာကွယ် နိုင် ရေး အတွက် အသိပညာ ဗဟုသုတများအား ရှင်းလင်းပြောကြားပြီး ထောက်ပံ့ပစ္စည်းများ နှင့် စားနပ်ရိက္ခာ များအား လတ်တ လော ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment