ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့်ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းနိုင်ရေးလုပ်ငန်း များဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့်ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းနိုင်ရေးလုပ်ငန်း များဆောင်ရွက်






MNP ၊ မေ  ၁၁

ရခိုင်ပြည်နယ်၊မောင်တောမြို့တွင်သဘာဝဘေးအန္တရာယ် များကျရောက်ပါက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီစနစ်တကျစီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌဦးနေဦး ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊လူမှုရေးအသင်းဖွဲ့များ ပူး ပေါင်း ဆောင်ရွက်လျက်ရှိသည်။


ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးနေဦး ဦးဆောင်ပြီး နယ် မြေခံ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချူပ်သူရိန်ထွန်းမှ လာရောက်ပူးပေါင်းကာ  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  မောင်တော မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်မှုများ ရှိနိုင်သည့် ကျေးရွာအုပ်စုများ ဖြစ်သော ကျောက် ပန္ဒူကျေးရွာ ၊ အင်းဒင်ကျေးရွာ ၊ အလယ်သံကျော်ကျေးရွာ ၊ ဒုညောင်ပင်ကြီး ကျေးရွာ ၊ ပဒင်းကျေးရွာ ၊ ပန်းတောပြင် ကျေးရွာများရှိ ပြည်သူများအား  တွေ့ဆုံ၍  ယခုအခါ မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ် ကျ ရောက် နိုင်သဖြင့် ဘေး လွတ်ရာ နေရာသို့ ပြောင်းရွှေ့နိုင်ရေး  ၊ ရွှေ့ပြောင်းဆောင်ရွက်မည့် အစီအစဉ်များ နှင့်  မုန်တိုင်း အန္တရာယ် ကာကွယ် နိုင် ရေး အတွက် အသိပညာ ဗဟုသုတများအား ရှင်းလင်းပြောကြားပြီး ထောက်ပံ့ပစ္စည်းများ နှင့်   စားနပ်ရိက္ခာ များအား လတ်တ လော ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)