ပုဇွန်တောင်မြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်



MNP ၊ မေ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ မြို့နယ်မီးသတ်စခန်း၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်ဆောင်ရွက်မှုအား ယမန်နေ့ညနေ ၄:၃၀ နာရီအချိန်က ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးအဖွဲ့များ၊ မြို့နယ်အတွင်းရှိ ပီတိမေတ္တာနှင့်စေတနာပရဟိတအသင်းများမှ ပရဟိတလူငယ်‌များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ လေ့ကျင့်ဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဝင်းလှိုင်ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးအဖွဲ့များနှင့် ပရဟိတလူငယ်များဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ယောက်ထမ်းနည်း၊ နှစ်ယောက်ထမ်းနည်း၊ လူနာထမ်းစင်ဖြင့် လူနာကယ်နည်း၊ အသက်ရှူကိရိယာဖြင့် လူနာကယ်နည်း၊ Ladder train method အသုံးပြု၍ နှစ်ထပ်ဒဏ်သေကြိုးချည်နည်းဖြင့် လူနာကယ်ဆယ်နည်းစသည့် လုပ်ငန်းအဆင့်ဆင့်ကို လူနှင့်အသက်ကယ်ပစ္စည်းများအသုံးပြု၍ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


ဟန်စုယဉ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)