ပေါက်တောမြိုနယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်တစ်စုံတစ်ခု ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြိုနယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်တစ်စုံတစ်ခု ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ





MNP ၊ မေ  ၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက  မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ဆောင်ရွက်ခြင်းနှင့် လိုအပ်မည့်ပစ္စည်းကိရိယာများကို ယနေ့နံနက်ပိုင်းက ကြိုတင်စီစဥ်ဆောင်ရွက်ထားရှိ​ကြောင်း သိရသည်။


 မိုးကြိုကာလရောက်ရှိလာတော့မည်ဖြစ်၍ ပေါက်တောမြို့နယ်အတွင်း သဘာဝဘေးကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်ခြင်း၊ မုန်တိုင်းအန္တရာယ်ကျရောက်လာနိုင်သည့်အတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နိုင်ရေးအသိပညာပေးခြင်းနှင့် စုရပ်များကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊  သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်  ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးအား အသင့်စုဖွဲ့ ပြီး ကယ်ဆယ်ရေးလေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်မည့်ပစ္စည်းကိရိယာများဖြစ်သော Speed Boat၊ စက်သုံးဆီ၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်း၊ အသက်ကယ်ကြိုးများစသည်ဖြင့် အသင့်ကြိုတင်စီစဥ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံး၊ ဦးစီးအရာရှိဦးမျိုးမင်းထွန်း ထံမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)