Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ






MNP ၊ မေ  ၁၁

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိ ရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း နှင့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးနေဦးတို့က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် ကော်မတီများဖွဲ့စည်းကာ ကော်မတီများ အလိုက် လုပ်ငန်းတာဝန်များကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း ၊ သဘာဝဘေးကြောင့် ရေကြီး နစ်မြုပ် နိုင်သည့် ကျေးရွာများ၏ အခြေအနေများ  နှင့် ၎င်းကျေးရွာများအား ဘေးလွှတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး ဆောင် ရွက်နေမှုများ ၊ အသိပညာပေး ဆောင်ရွက်ခဲ့မှုများ၊ စားနပ်ရိက္ခာ ၊ ဆေးဝါးများ သိုလှောင်ထားရှိမှုများ နှင့် အရေးပေါ် ကယ် ဆယ်ရေး ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ  စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက် ရောက် လာသော ကော် မတီ ဝင်များက သဘာဝဘေးဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာန ကော်မတီဝင်များအလိုက် လုပ် ငန်း တာဝန် များအား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ အား  စသည့်တို့ကို ဆွေးနွေး တင်ပြခဲ့ရာ တာဝန်ရှိသူများက လိုအပ်သည်များအား  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost















No comments:

Post a Comment