ပေါက်တောမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေး





MNP ၊ မေ  ၁၁

 ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ပေါက်တောမြို့နယ်တွင် မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အတွင်း ကျရောက်မည့် သဘာဝဘေးနှင့်ဆိုင်ကလုန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး နှင့် တာဝန်ရှိသူများမှ ယမန်နေ့ည​ ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


ရေှးဦးစွာ ပေါက်တောမြို့ရှိ မြို့နယ်သာသနာ့ဗိဗာန်တော်ခန်းမနှင့်ကြိမ်ခွေမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း သဘာဝဘေးနှင့်ဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ကာကွယ်နိုင်ရန်ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများထံ အသေးစိတ်မှာကြားခဲ့ကြောင်းသိရသည်။


ထို့​ပြင် ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာများမှ သဘာဝဘေးနှင့်ဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ကာကွယ်နိုင်ရန် ရောက်ရှိလာကြသည့် ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများက ထမင်းထုပ်များဝေငှပေးခဲ့ကြောင်းသိရသည်။


ဝင်းမင်းစိုး 

 https://t.me/MyanmarNationalPost











No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)