ပေါင်မြို့နယ်တွင် မုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ်ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများအသင့်စုဖွဲ့ထားရှိမှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် မုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ်ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများအသင့်စုဖွဲ့ထားရှိမှု




MNP ၊ မေ  ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မုန်တိုင်းနှင့်သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ ထားရှိမှုအား ယနေနံနက်ပိုင်းက မီးသတ်ဦးစီးအရာရှိ ဦးမြတ်ကိုကိုက စစ်ဆေးခဲ့ကြာင်းသိရသည်။


ထိုကဲ့သို့ကြည့်ရှုစစ်ဆေးခြင်းကို ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးမြတ်ကိုကိုက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ် ဆယ်ရေးပစ္စည်းများအသင့်စုဖွဲ့ ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့သည်။


ပေါင်မြို့နယ်အတွင်းသဘာဝဘေးအန္တရာယ်များကျရောက်လာပါက ပြည်သူတို့၏အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးထိခိုက်မှုများလျှောချနိုင်ရန် အချိန်နှင့်တပြေးညီ လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် စနစ် တကျဆောင်ရွက်နိုင်ရေးအတွက် အသုံးပြု့မည့်ပစ္စည်းများကို အသင့်ပြင်ဆောင်ရွက်ထားပါကြောင်းသတင်းရရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)