မြောက်ဦးမြို့ ၌ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ထုက္ကန်သိမ်၊အံတော်သိမ်၊လေးမျက်နှာ ဘုရား များ၏ ဗုဒ္ဓပူဇေနိယ ပွဲတော် တွင် ပြိုင်းလောင်း(လှေလှော်)ပြိုင်ပွဲ ဆုပေးပွဲအခမ်း အနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ ၌ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ထုက္ကန်သိမ်၊အံတော်သိမ်၊လေးမျက်နှာ ဘုရား များ၏ ဗုဒ္ဓပူဇေနိယ ပွဲတော် တွင် ပြိုင်းလောင်း(လှေလှော်)ပြိုင်ပွဲ ဆုပေးပွဲအခမ်း အနားကျင်းပ






MNP ၊ မေ  ၇ 

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်းရှိ အထင်ကရ ဘုရားစေတီ၊ ပု ထိုးများဖြစ်သော (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊လေးမျက်နှာ ဗုဒ္ဓပူဇေနိယပွဲတော် တွင်ရခိုင်ရိုးရာပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကို ယမန်နေ့က အောင် တပ်ရပ်ကွက် ပြိုင်လောင်း(လှေလှော်) မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။


အခမ်းအနားတွင် သျှစ်သောင်းဂေါပကဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲဝင် အသင်းသားများ ပြိုင်ပွဲစည်းကမ်းနှင့်အညီဝင်ရောက်ယဉ်ပြိုင်ကြသည့်အတွက်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း နောင်နှစ်မှာ တွင်လည်းယခုထက် ပိုမိုစည်စည်ကားကား ကျင်းပနိုင်အောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။


 ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ၁၂ လံ လှေလှော် အသင်း ပထမဆု (၃၀)သိန်းကို ဆူးရာဇ်ချောင်းအသင်း၊ ၁၂ လံ ဒုတိယဆု (၂၈)သိန်းကို အောင်မင်္ဂလာအသင်း၊ ၈ လံ ပထမဆု(၂၅)သိန်းကို ဆူးရာဇ်ချောင်းအသင်း၊ ၈လံ ဒုတိယ ဆု (၂၃)သိန်းကို ပြွန်တိုအသင်း၊ ၆ လံပထမဆု (၂၀) သိန်းကို ဒိုင်းကျီ(ခ)အသင်း၊၆လံ ဒုတိယဆု(၁၈) သိန်းကို ဒိုင်းကျီ(က) မှ ဆုရရှိသူများကို တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေး အပ်ချီမြှင့်ကြပြီး ပြိုင်လောင်းပွဲကျင်းပ ရေးကော်မတီ ဥက္ကဌ မှ နိဂုံးချုပ်အမှာ စကားပြောကြားရာ ပြိုင်လောင်း(လှေလှော်) အသင်း သားများအားလုံး တက်ညီလက်ညီ အားသွန်ခွန်စိုက် အပြိုင် အဆိုင် ယဉ်ပြိုင် ကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနောင်နှစ်မှာလည်း ပြိုင် လောင်း(လှေလှော်) ပြိုင်ပွဲကို ယခု နှစ်ထက် စည်စည်ကားကား ကျင်းပနိုင်အောင်ကြိုးစား လုပ်ဆောင် သွား မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယိမ်းအက အဖွဲ့မှ ငါရို့ရခိုင်သား တေးသီ ချင်း ဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ ပွဲသို့ တက်ရောက်လာကြသော နယ်မြေခံတပ်မမှူး ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူး ကြီး တင်ထူးလှိုင် နှင့် ခရိုင်စီ မံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုး စိုးသက် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သျှစ်သောင်းဂေါပက ဥက္ကဌ ဦးစောရွှေမောင်နှင့်အဖွဲ့ဝင်များ၊ ပြိုင်လောင်း ကျင်းပ ရေး ဥက္ကဌ နှင့်အ ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ ၊ ဒေသခံပြည်သူများ တို့ လာရောက်အားပေး လျှက်ရှိ  ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)