၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်




MNP ၊ မေ ၃၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြောက်ဦး တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြသည်။


ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် က အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေး ကိရိယာနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ကာ တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။


အလားတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမနှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးတို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနော်ရထာ ခန်းမ၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ မေဃဝတီ ခန်းမနှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးတို့၌လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စတီးချိုင့်များ ထောက်ပံ့ပေးအပ်ခြင်းများကို ပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


ထို့နောက် သက်ဆိုင်ရာ တိုင်းမှူးများက အဖွင့်အမှာစကားများ အသီးသီး ပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စတီးချိုင့်များ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။


၎င်းနောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)