MNP ၊ မေ ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ရှိဘင်္ဂလားပင်လယ်အော် အခြေအနေနှင့်ပတ်သက်၍ အားကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဖြစ်နိုင်ခြေရှိ၍ မုန်တိုင်းကြိုတင် ကာကွယ်နိုင်ရေး အတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၇ နာရီ လူစည်ကားရာနေရာများသို့ သွားရောက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ ပူးပေါင်း၍ လူစည်ကားရာနေရာများသို့ သွားရောက်ကာ ပြည်သူများ မုန်တိုင်း အန္တရာယ် ကြိုတင် ပြင်ဆင်နိုင်ရေးအတွက် မုန်တိုင်း၏အခြေအနေ၊ ဦးတည်ရွေ့လျားရာလမ်းကြောင်းနှင့် ရာသီဥတု အခြေ အနေ များကို လည်းကောင်း၊ မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက် ရန် အချက် များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန်ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန် အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment