သံတွဲမြို့နယ်အတွင်းမုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ်အတွင်းမုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်





MNP ၊ မေ  ၇ 

သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်ကြီးကြပ်မှုဖြင့် သံတွဲမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှကြီးမှူးကျင်းပသည့် သဘာဝဘေးအန္တရာယ် ကျရောက် လာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်း ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက် ၉နာရီက သံတွဲမြို့နယ်၊ ခမောင်းတုန်း ကျေးရွာအုပ်စု၊ ခမောင်းတုန်းကျေးရွာတွင် ကျင်းပ ပြုလုပ်သည်။


ရှေးဦးစွာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊  ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးမျိုးချစ်က ပြည်သူလူထုများအား မုန်တိုင်း ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်မှု နှင့် ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိရေး ဆိုင်ရာများကိုအသိပညာပေးရှင်းလင်း ပြောကြား သည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်၊ ခရိုင်မီးသတ်ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကီးထန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်တို့က မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိသည့် လေဖိအားနည်း ရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်းတိုင်းအဖြစ် ရောက်ရှိ နိုင်သည့် အခြေအနေများနှင့် ကြိုတင်ပြင် ဆင်စုဆောင်းထားရှိရမည့်အချက်များကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။


သံတွဲခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာမြင့်က  ပြည်သူလူထုများအား မုန်တိုင်း ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်မည့် အစီအမံများ၊ မုန်တိုင်းဘေးအန္တရာယ် အရောင်အဆင့်ဆင့် သတ်မှတ်ထားရှိမှုနှင့် မုန်တိုင်းဘေးအန္တရာယ် အတွက် ဆောင်ရန် ရှောင်ရန်များကို အသိပညာပေး ရှင်းလင်း ပြောကြားသည်။


 ထို့နောက် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ် အရောင်အဆင့်ဆင့် ပြောင်းလဲမှုအား သံချဲ့စက်များဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များမှ ပြည်သူများအားအသိပေးနှိုးဆော်မှုများပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်စေကာ အနီရောင်အဆင့် ပြောင်းလဲရောက်ရှိလာပြီဖြစ်သဖြင့် ဘေးလွတ်ရာကယ်ဆယ်ရေးစခန်း စုရပ်များသို့ ပြောင်းရွေ့ပေးနေမှုတို့ကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ကြသည်။  


ဆက်လက်၍  ခရိုင်နှင့်သံတွဲမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ သံတွဲမြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် တပ်ဖွဲ့ ဝင်များ ၊ ခရိုင် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မုန်တိုင်း မကျရောက်မီ စာနပ်ရိက္ခာများ၊ အရေးကြီး စာရွက်စာတမ်းများ ၊ အိုးအိမ် နှင့် ငါးဖမ်း ပိုက်လှေများ ထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ထိန်းသိမ်းဆောင်ရွက်ရမည့် နည်းလမ်းများ နှင့် မုန်တိုင်းအပြီး မြေပြင်၊ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုတို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


အဆိုပါ မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများကို ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များက ကြည့်ရှုအားပေး  ခဲ့ကြကြောင်း သိရှိ ရသည်။


 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)