Pages

Pages

ပုဏ္ဏားကျွန်း(မြို့မဈေး)၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်




MNP ၊ မေ  ၁၂

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ (မြို့မဈေး)၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့၊ နံနက် (၈)နာရီက မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်ရာတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မကြာမီရက်ပိုင်းအတွင်း  မုန်တိုင်းအန္တရာယ် ကျရောက်လာနိုင်မည်ဖြစ်ပါသဖြင့် မိမိတို့ဈေးဆိုင်အတွင်းရှိ သိုလှောင်ထားသော ပစ္စည်းများ ရေစိုပျက်စီးမှုမရှိစေရေးအတွက် ကြိုတင်ပြောင်းရွှေ့ထားကြပါရန်၊ မုန်တိုင်းကျရောက်စဉ် ခေါင်းမိုးများလန်ထွက်နိုင်ပါသဖြင့် မိမိတို့ရောင်းချလျက်ရှိသော ပစ္စည်းများကို မိုးကာများဖုံးအုပ်ပြီး စီမံဆောင်ရွက်ကြပါရန်နှင့် ဈေးဆိုင်းအတွင်းရှိ ပစ္စည်းများအား ယနေ့ နောက်ဆုံးထား၍ ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ထားကြပါရန် လှည့်လည်အသိပေးနိုးဆော်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment