MNP ၊ မေ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကြိုတင် ကာကွယ် ရေးလုပ်ငန်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန် ခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၏ ကြီးကြပ်မှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်း အောင် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်း ဆောင်ရွက် လျက်ရှိ သည်။
လက်ရှိအချိန်တွင် မုန်တိုင်းအခြေအနေမှာရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်မည်ဖြစ်သဖြင့် အနီအဆင့် ဟု သတ်မှတ်ထားပြီး မြို့သူ၊မြို့သားများ အနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွေ့နိုင်ရေး အသိပညာပေး နိုးဆော်မှုများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
မောင်တောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက် နိုင်ရန် မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးခန်း ဖွင့်လှစ် ကာ၊ ကော်မတီ (၁၂)ခုဖွဲ့စည်းပြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက် လျက်ရှိ ကြောင်း၊ အရေး ပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ရှာဖွေကယ်ဆယ်တပ်ဖွဲ့များနှင့် ရှာဖွေ ကယ် ဆယ် ရေးသုံး ပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ထားရှိပြီး မုန်တိုင်း အန္တရာယ်ကြိုတင်ကာကွယ် နိုင်ရေး အသိ ပညာပေး နိုးဆော်ပေးခြင်း ၊ မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီး လွမ်းမိုးလာပါက ပြည်သူများကို ဘေးလွတ်ရာ ခိုလှုံ နိုင်ရန် ရွှေ့ပြောင်းရေး မော်တော်ယာဉ်များ နှင့် ခိုလုံရာနေရာများ ၊အသင့် ဆောင်ရွက်ထားကြောင်း၊ သဘာဝ ဘေး အန္တရာယ် ကျရောက် လာပါက ဘေးလွတ်ရာသို့ ခိုလှုံပြောင်းရွှေ့မည့်ပြည်သူများကို ထောက်ပံ့နိုင်ရေးအတွက် ရခိုင်ပြည် နယ် အစိုး ရအဖွဲ့မှ ဆန် ၅၀၀ အိတ်၊ ဆီ ၁၀ ပိဿာဆန့် ဘူး ၁၅၀ ဘူး၊ ဆား ၅၀၀ ပိဿာ၊ ငါးပိ ၅၀ ပိဿာ အသင့်စုဆောင်း ထားရှိကြောင်း၊ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ အိမ်ထောင်စု ၅၀၀ စု အတွက်ပစ္စည်း(၁၆)မျိုး စုဆောင်း ထားရှိကြောင်းနှင့် ကျန်းမာရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တိုက်နယ် ဆေးရုံများ ၊ ကျေးလက်ကျန်းမာရေးဌာနများ ၊ကျေးလက် ကျန်းမာရေး ဌာနခွဲများတွင် ဆေးဝါးများ အသင့်ခွဲဝေ ဆောင် ရွက် ထားရှိကာ ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ် ဆေး ကုသနိုင်ရေးအတွက် ပြည်သူဆေးရုံ ဝင်းအတွင်း ဇုန်များသတ်မှတ်ကာ ထိခိုက်ဒဏ်ရာရှိမှုများအပေါ်မူတည်၍ ဆေးဝါးကုသနိုင်ရေးဆောင်ရွက်ထားရှိပြီး ၊မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များကလည်း ကူညီထောက်ပံ့နိုင်ရေး စီစဉ်ထားရှိကြောင်းသိရသည်။
ပြည်သူများ အနေဖြင့် မိုးလေဝသ အခြေအနေများအချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းများ ဆော လျင်စွာ ထုတ်ပြန်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန နှင့်မြန်မာ့ အသံနှင့် ရုပ်မြင် သံကြားမှ အချိန်မှီထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment