ရွှေတောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါကအလျှင်အမြန်တုန့်ပြန်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များစုဖွဲ့ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါကအလျှင်အမြန်တုန့်ပြန်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များစုဖွဲ့ထားရှိ





MNP ၊ မေ  ၈

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဆိုင်ကလုန်း မုန်တိုင်းဖြတ်သန်းဝင်ရောက်လာပါက ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သည့် ( မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊မြေပြိုခြင်း၊သစ်ပင်လဲခြင်း) နှင့်အခြားသောသဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါကအလျှင်အမြန်တုန့်ပြန်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များစုဖွဲ့ထားရှိမှုများကို မြို့နယ်သဘာဝဘေးအန္တရာယ်‌ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ မှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ 


         အဆိုပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များစုဖွဲ့ထားရှိမှု အခြေအနေများနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှုကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ  

ဦးဟံဝင်းအောင်မှ လာရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ 


            ရွှေတောင်မြို့နယ်အတွင်း မီးဘေးနှင့် သဘာဝဘေးအန္တရာယ် များ ဖြစ်ပွားပေါ်ပေါက်လာပါက မြို့နယ်မီးသတ်ဦးစီးမှူးရုံး ဖုန်း - 05355191 သို့၂၄ နာရီ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှသိရသည်။


ကိုကို မင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)