အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိုတော့ ဈေးကွက်စီးပွားရေး မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်ဗျို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိုတော့ ဈေးကွက်စီးပွားရေး မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်ဗျို့


ယနေ့အချိန်မှာ ကျွန်တော်တို့တွေအနေနဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ ပြုလုပ်နေကြတဲ့ NLD အစွန်းရောက် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို အစဉ်သဖြင့် ရှုတ်ချပြောဆိုခဲ့ပါတယ်။ NLD အစွန်းရောက် ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ကြံဖန်တီး သွေးထိုးလှုံ့ဆော်မှုတွေကြောင့် PDF အကြမ်းဖက်သမားတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့တာလည်း နိုင်ငံတော်က တရားဝင်ထုတ်ပြန်ပြောဆိုထားပြီး ဖြစ်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ PDF နှင့် အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တချို့ရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၀၀၀ ကျော် အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

စာရေးသူ မကြာခဏဆိုသလိုပဲ ရေးသားတင်ပြခဲ့ဖူးပါတယ်။ ရုပ်သံပြောဆိုမှုတွေလည်း လုပ်ခဲ့ဖူးပါတယ်။ အဲဒါကတော့ နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ အကြီးအကဲတွေဆိုတာ မူဝါဒတွေချမှတ်ပေးမယ်။ လုပ်ငန်းစဉ်တွေ ချမှတ်ပေးမယ်။ နိုင်ငံတော်အကြီးအကဲများ ချမှတ်ပေးတဲ့ မူဝါဒလမ်းစဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် မှတဆင့် ခရိုင်၊ မြို့နယ် အဆင့်ဆင့်က အကောင်အထည်ဖော်ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။

အဓိကအားဖြင့် ပြည်သူတွေနဲ့ ထိတွေ့ရတာက မြို့နယ်အဆင့်၊ ခရိုင်အဆင့်က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ရဲတပ်ဖွဲ့တွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ လုံခြုံမှု၊ တရားမျှတမှုအတွက် အဓိက အရေးပါတဲ့သူတွေဟာ မြို့နယ်၊ ခရိုင်အဆင့်မှာပဲ တာဝန်ရှိပါတယ်။ 

ယနေ့အချိန်မှာ NLD အစွန်းရောက်တွေက အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာတဲ့အချိန်မှာ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို အကြမ်းဖက်လှုပ်ရှားမှုနဲ့အတူ ခိုး၊ ဆိုး၊ လု၊ နှိုက်တွေကလည်း အကြမ်းဖက်သမားတွေ ဖြစ်လာပြီး ဘဏ်ဓားပြတိုက်မှုတွေအပါအဝင် စက်သုံးဆီအရောင်းဆိုင်တွေကို ဓားပြဝင်တိုက်တာ၊ ရွှေဆိုင်တွေကို ဓားပြဝင်တိုက်တာမျိုးတွေ မြောက်များစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဥပဒေရဲ့ဘက်တော်သား တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ရှေ့ရှုဆောင်ရွက်ဖို့ သစ္စာဆိုထားသူတွေ၊ ကျင်ဝတ်စည်းကမ်းတွေနဲ့ အလုပ်လုပ်ရတဲ့ သူတွေမှာလည်း ကျင့်ဝတ်စည်းကမ်းတွေကို သိသိသာသာ ဖောက်ပြန်လာကြတာကို တွေ့ရပါတယ်။ ဒါကတော့ အထူးအဆန်းမဟုတ်ပါဘူး။ ပြည်သူအားလုံးက မြန်မာပြည်ရဲ့ တရားစီရင်ရေးအကြောင်း၊ ရဲတပ်ဖွဲ့နဲ့ ဆက်ဆံရတဲ့အခြေအနေ၊ အထွေထွေအုပ်ချုပ်ရေးရဲ့ သဘောသဘာဝတွေကို သိကြပါတယ်။ ငွေများ တရားနိုင် ဆိုတဲ့ ဆောင်ပုဒ်က အလကားဖြစ်လာတာမှ မဟုတ်ဘဲ။ 

ကျွန်တော်တို့ မျှော်လင့်မိတာက တရားဥပဒေစိုးမိုးရေးကို အလေးထားလုပ်ဆောင်မယ်လို့ အသံကောင်းဟစ်ပြီး တက်လာတဲ့ NLD အစိုးရလက်ထက်မှာ ဘာသာရေးစော်ကားမှုတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသလို ငွေများတရားနိုင် (NLD ဘက်က အမြဲနိုင်) တဲ့ တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ပေးခဲ့ကြပါတယ်။ 

ဆက်စပ်ပြီး ဒီရက်ပိုင်းအတွင်းမှာ မီဒီယာတချို့က သက်ငယ်မုဒိန်းမှုတစ်ခုအကြောင်း အကျယ်တဝင့် ပြောဆိုနေသံကို ကြားရပါတယ်။ NLD တာဝန်ရှိသူတစ်ဦး က ကျူးလွန်ခဲ့တဲ့ သက်ငယ်မုဒိန်းမှုပဲ ဖြစ်ပါတယ်။ အလားတူ NLD အစိုးရလက်ထက်မှာလည်း NLD လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဖခင်က ကျူးလွန်တဲ့ သက်ငယ်မုဒိန်းမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ တရားစီရင်ရေးမှာ တာဝန်ရှိသူတွေ နဲ့ ရဲတပ်ဖွဲ့ ရဲ့ ဆောင်ရွက်ချက်အကြောင်းလေး အနည်းငယ် သိရအောင်ပါ။ မရမ်းကုန်းမြို့နယ်မှာ ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်ထားပါတယ်။ ဖျာပုံမြို့နယ်၊ NLD ဥက္ကဋ္ဌ၊ ကျောင်းဆရာဟောင်းကြီး တစ်ဦးပါပဲဗျာ။ ဖျာပုံမြို့ကပဲ အရွယ်မရောက်သေးတဲ့ ကလေးမလေးတွေကို အိမ်မှာ အိမ်ဖော်ခေါ်ခိုင်းပါတယ်။ ကျောင်းဆရာဟောင်း၊ ဖျာပုံမြို့နယ် NLD ဥက္ကဋ္ဌကြီး က အိမ်ဖော်ကလေးမလေးကို စော်ကားလွှတ်လိုက်ပါတယ်။ ကလေးမလေးမှာ ကိုယ်ဝန် ရခဲ့ပါတယ်။ နစ်နာသူ မိသားစုဘက်က တာဝန်ယူဖို့ ပြောခဲ့ပါတယ်။ NLD ဥက္ကဋ္ဌ ဟောင်းကြီးမှာလည်း သားတွေ သမီးတွေ ရှိပါတယ်။ 

ကလေးမလေးရဲ့ မိသားစုတွေဆီက အသံထွက်မလာဖို့ နှုတ်ပိတ်ဖို့ ကြိုးစားကြပါတယ်။ အသံထွက်လာတော့ အသရေဖျက်မှုနဲ့ ဖျာပုံမြို့နယ်မှာ တရားစွဲပါတယ်။ ဖျာပုံတရားရုံးက NLD အစိုးရလက်ထက်၊ ဖျာပုံမြို့နယ် NLD ဥက္ကဋ္ဌ က ဖွင့်တဲ့ အမှုကို မဖွင့်ပေးဘဲ နေရဲပါ့မလား။ စော်ကားခံရတဲ့ ကလေးမ၊ မိခင်၊ လက်သည် တရားစွဲခံခဲ့ရပါတယ်။ စော်ကားခံရတဲ့ ကလေးမလေးရဲ့ မိခင်က မုဒိန်းကောင် NLD ဥက္ကဋ္ဌ ကို မရမ်းကုန်းမြို့နယ်မှာ တက်ပြီး အမှုဖွင့်တယ်။ ရဲက အမှုကို တရားရုံးမတင်ဘဲ ရဲလက်ထဲမှာတင် ပလပ်လိုက်သတဲ့။ ကလေးမလေး ဘက်က စော်ကားခံပြီး ရခဲ့တဲ့ ကိုယ်ဝန်ကိုတောင် ဖျက်မချပါဘူး။ မွေးခဲ့ပါတယ်။ ကလေးလည်း အရွယ်ရောက်နေပါပြီ။ စော်ကားခံရသော ကလေးမလေးရဲ့ မိခင်က စွဲဆိုတဲ့အမှုက ပလပ်ခံရပြီး၊ မုဒိန်းကောင် ဖျာပုံမြို့နယ် NLD ဥက္ကဋ္ဌ စွဲဆိုတဲ့အမှုအတွက် ကလေးမလေး၊ မိခင်၊ လက်သည် တို့ ထောင်ချခံခဲ့ရပါတယ်။ ကလေးမလေးကိုတော့ ကလေးငယ်ကို ပြုစုဖို့ဆိုပြီး အာမခံနဲ့ ထားပေးခဲ့ပါတယ်။

တရားစီရင်ရေး၊ ရဲတပ်ဖွဲ့တို့ရဲ့ သဘောသဘာဝကို အကျဉ်းမျှသာ ပြောဆိုခြင်းပါ။ နစကအစိုးရကတော့ ဘာလုပ်ပါမယ် ညာလုပ်ပါမယ်လို့ အာမခံဘူး။ ကတိကဝတ်တွေ ပြုထားတာ မရှိဘူး။ လုပ်နိုင်သလောက် ပြည်သူလူထုအကျိုးအတွက် လုပ်လိမ့်မယ်လို့ ယုံကြည်တယ်။ အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD အစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုကြောင့် ယိမ်းယိုင်မတတ်ဖြစ်သွားတဲ့ ယန္တရားကို တည့်မတ်ထိန်းကျောင်းခဲ့ရတယ်။ နိုင်ငံရေးအစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုနောက်ကို လိုက်ပါသွားခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ နေရာမှာ တပ်မတော်သားတွေနဲ့ အစားထိုးခဲ့ရတယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ်လုပ်နေတဲ့အတွက် တပ်မတော်ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေဟာ ပြောင်းလဲလာပြီ။ အပြောနဲ့ အလုပ် တတ်တတ်စင်အောင် လွဲတဲ့ တိုင်းတပါးသြဇာခံ NLD အစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေကိုလည်း တွေ့မြင်ခဲ့ရပြီဖြစ်လို့ တပ်မတော်သာ အားကိုးရာလို့ ယုံကြည်ပါတယ်။

အဖွဲ့အစည်းအတိုင်းမှာ ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ အများအကျိုးအတွက် လုပ်ကိုင်နေကြသူတွေ ရှိတယ်။ ရာထူး အာဏာကို တလွဲအသုံးချပြီး ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး လုပ်ဆောင်နေကြသူတွေလည်း ရှိတယ်ဆိုတာကိုတော့ စာရေးသူအနေနဲ့ အမြဲတမ်း ခွဲခြားပြီး ပြောဆိုပါတယ်။ ကိုယ့်ရဲ့ ရေးသားဖော်ပြမှုကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေလည်း မဖြစ်စေချင်ပါဘူး။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုလုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်များရဲ့ သီလဂုဏ်၊ သမာဓိဂုဏ် ကိုလည်းထိပါးစော်ကားလိုခြင်း မရှိပါဘူး။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေကြသူများကို အစဉ်အမြဲ ဦးညွှတ်လျက်ပါပဲ။

နစကအစိုးရလက်ထက်ဟာ ပိုပြီး ထူးခြားတယ်။ အင်အားကြီးမားလွန်းတဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ထဲကနေ တိုင်းပြည်ကို ပြန်လည်ထိန်းကျောင်းခဲ့ရခြင်းဖြစ်လို့ အချို့သော ကိစ္စတွေကို မသိကျိုးကျွန်ပြုနိုင်ပါတယ်။ နိုင်ငံတော်အကြီးအကဲများက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်တွေမှာ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်နိုင်စေဖို့ တာဝန်ပေးအပ်ခြင်း ခံရသူတချို့ဟာ ပေးအပ်လိုက်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုခြင်း မရှိဘဲ ဒီနေရာရရင် ဒီလို ရှာရမယ်လို့ မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ ရာထူးအာဏာကို တလွဲအသုံးချပြီး ကိုယ်ကျိုးရှာလိုမှုတွေကို ရှေ့တန်းတင်လာတဲ့အခါ မြင်တွေ့ကြားသိနေရသူတွေ၊ ကိုယ်တွေ့ ခံစားခဲ့ရသူတွေမှာ တိုင်းပြည်တော့ ပျက်ပါပြီလို့ ညည်းတွားလာကြတယ်။

ကိုယ်ကျိုးရှာလိုမှုကို ရှေ့တန်းတင်လာတဲ့ လူတွေမှာ ပြည်သူတွေရဲ့ ဂါရဝတရားကိုတောင် မစောင့်နိုင်တော့ဘူး။ ဘယ်အမှု ဘယ်လိုဖြစ်စေချင်လဲ ဘယ်လောက်ပေးရမယ်ဆိုပြီး ဈေးကွက်စီးပွားရေးဆန်ဆန် လုပ်ဆောင်လာကြလို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်က ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးတယ်ဆိုတာ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝအတွက် စားနပ်ရိက္ခာ၊ လူသုံးကုန်ပစ္စည်း အစရှိတာတွေကို ဈေးကွက်စီးပွားရေးစနစ်နဲ့ ဆောင်ရွက်တဲ့ သဘောလို့ပဲ မှတ်ယူပါတယ်။ တရားစီရင်ရေးကို ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်၊ အုပ်ချုပ်ရေးကို ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်လို့ ပြောဆိုတာမျိုးတော့ တခါဖူးမှ မကြားမိခဲ့ဖူးပါဗျာ။

နိုင်ငံတော်အကြီးအကဲများက အုပ်ချုပ်ရေးစနစ်တည်ငြိမ်စေဖို့ ရပ်ကျေးအုပ်ချုပ်ရေးတွေကို စနစ်တကျ ပြောင်းလဲခိုင်းတယ်။ မြို့နယ်အဆင့်မှာက အုပ်ချုပ်ရေးမှူးဈေးကွက် ဖြစ်သွားတယ်။ ရပ်ကျိုးရွာကျိုး ဆောင်ရွက်နိုင်တဲ့သူ အုပ်ချုပ်ရေးမှူး မဖြစ်ဘူး။ ထည့်မစဉ်းစားဘူး။ မြို့နယ်အဆင့်က ပုဂ္ဂိုလ်များကို ပေးနိုင်ကမ်းနိုင်တဲ့သူ အရက်သမား၊ လောင်းကစားသမား အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ဒေသတွေလည်း ရှိသတဲ့ဗျာ။ ဈေးကွက်စီးပွားရေးစနစ်ဟာ ဖြစ်သင့်တဲ့ နေရမှာ မဖြစ်ဘဲ မဖြစ်သင့်တဲ့ နေရာမှာ ဖြစ်နေတာမျိုးဗျ။ ရာထူး အာဏာကို အလွဲသုံးစားလုပ်ကြီး ကိုယ်ကျိုးရှာလိုသူအဖို့ကြတော့ ဒီမြို့နယ်မှာ တာဝန်ထမ်းဆောင်ရတယ်။ ဒီမြို့နယ်လေး တိုးတက်ဖို့၊ စည်ပင်ဖို့၊ ဒီမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေ စိတ်အေးချမ်းသာ ဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက် မရှိဘူးဗျ။ ဒီမြို့နယ်က လူတွေကို ငါ ဂုပ်သွေးစုပ်ရအုံးမယ်။ နာမည်ဆိုး ထွက်လာပြီး တခြား ပြောင်းရပြန်တော့လည်း တခြားနေရာ ထပ်ပြီး ဂုပ်သွေးစုပ်ရအုံးမှာပါလား။ ဒီပြဿနာက သံသရာရှည်သလောက်ကို ရှည်မယ့်သဘောပါပဲ။

ရာထူးအာဏာကို တလွဲအသုံးချပြီး ပြည်သူအပေါ် ဂုပ်သွေးစုပ်ခဲ့ကြတဲ့ အစဉ်အလာကလည်း ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တွေက ရရှိခဲ့တဲ့ အမွေဆိုးလို့ပဲ ဆိုရမလား။ အစိုးရအဆက်ဆက် ရာထူးအာဏာ နဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြ ဥပဒေလက်တစ်လုံးခြားလုပ်ပြီး ပြည်သူအပေါ် ဂုပ်သွေးစုပ်ပြီး ကိုယ်ကျိုးရှာတဲ့ ပြဿနာတွေက တိန်ကောမသွားပါဘူး။ မိမိတို့ ရာထူးအာဏာနဲ့ လျော်ညီတဲ့ ခံစားခွင့်လည်း ရထားကြပြီးသား ဖြစ်ပါတယ်လေ။ ဒီအပေါ်မှာ ထပ်ဆောင်းအနေနဲ့ ကြီးပွားချမ်းသာချင်တယ်ဆိုတရင် ကိုယ့်မိသားစုဝင်များထဲက တစ်ဖက်တစ်လမ်းက စီးပွားရေးလုပ်ကြတာ အပြစ်ဆိုဖွယ်ရာ မရှိပါဘူး။ ပြည်သူတွေ မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ စားရတဲ့ အပူစာတွေစားပြီး ဂုဏ်ရှိမယ်များ ထင်နေကြသလား။ ဒီရာထူး ဒီတာဝန် ရထားရင် ဒီလိုဂုပ်သွေးစုပ်ရမယ်လို့ အတွေးများ ရှိထားကြရင်လည်း နည်းနည်းလောက်ဖြစ်ဖြစ် လျှော့ပြီး ဂုပ်သွေးစုပ်ကြပါလို့ မေတ္တာရပ်ခံ ပါရစေဗျာ။ ပြည်သူတွေခမျာမှာလည်း အစိုးရတွေသာ ပြောင်းသွားတယ်။ ရာထူး အာဏာကို တလွဲအသုံးချပြီး အစဉ်အဆက် ဂုပ်သွေးစုပ်ခံနေရတော့ နာလှရောပေါ့။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)