ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးသာ ဖြစ်ကြောင်း၊ စစ်မက်တာရှည်နေခြင်းသည် ဒုက္ခအကျပ်အတည်းများကို ပို၍တိုးစေမည်သာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးသာ ဖြစ်ကြောင်း၊ စစ်မက်တာရှည်နေခြင်းသည် ဒုက္ခအကျပ်အတည်းများကို ပို၍တိုးစေမည်သာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ပြောကြား


ဘာလင်၊ မေ ၁၁ 

ဂျာမနီဝန်ကြီးချုပ် Olaf Scholzသည် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် မေ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဂျာမနီဝန်ကြီးချုပ် Olaf Scholzက တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းမှတစ်ဆင့် တရုတ်နိုင်ငံခေါင်းဆောင်များသို့ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ 

ဂျာမနီတွင် ၇ ကြိမ်မြောက် ဂျာမနီ-တရုတ် နှစ်နိုင်ငံအစိုးရများ တွေ့ဆုံဆွေးနွေးပွဲကျင်းပရန် မျှော်လင့်လျက်ရှိကြောင်း၊ ၎င်းမှာ အရေးကြီးသော ဆွေးနွေးပွဲဖြစ်ရာ ဂျာမနီနိုင်ငံသည် အိမ်ရှင်နိုင်ငံအနေဖြင့် တက်ကြွစွာ ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်သလို အပြုသဘောရလဒ်များ ရရှိစေရန် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ဗဟုအသွင်ပြောင်းလဲမှုအခြေအနေအောက်တွင် ဘက်ပေါင်းစုံတန်းတူညီမျှရေးကို ခိုင်မာစွာ လက်ကိုင်ထား၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားသင့်ကြောင်း ၊ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် ဩဇာလွှမ်းမိုးမှုကို ဂျာမနီနိုင်ငံက အလေးထားရာ ယူကရိန်းအကျပ်အတည်း စသည့် အရေးကြီးကဏ္ဍရပ်များတွင် တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ အားဖြည့်ဆောင်ရွက်သွားလို ကြောင်း Olaf Scholzက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ဂျာမနီဝန်ကြီးချုပ် Olaf Scholzသို့ တရုတ်နိုင်ငံ ခေါင်းဆောင်များ၏ ခင်မင်ရင်းနှီးသော နှုတ်ခွန်းဆက်စကားအား ပြောကြားခဲ့သည်။ 

သမ္မတ ရှီကျင့်ဖိန်၏ “နှစ်တစ်ရာ အပြောင်းအလဲ” မဟာဗျူဟာ စီမံမှုနှင့် ဝန်ကြီးချုပ် Olaf Scholz၏ “Zeitenwende(ရာဇဝင်အချိုးအကွေ့)”တွင် တူညီမှုများရှိကြောင်း၊ ရှုပ်ထွေးပြောင်းလဲနေသော ကမ္ဘာ့အခြေအနေတွင် နိုင်ငံတကာ အသိုက်အဝန်းက ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြီး စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်သွားသင့်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ မိမိအနေဖြင့် ယခုအကြိမ် ဂျာမနီသို့ လာရောက်ရသော အဓိက ရည်ရွယ်ချက်မှာ ၇ ကြိမ်မြောက် နှစ်နိုင်ငံအစိုးရဆွေးနွေးပွဲအတွက် ပြင်ဆင်ရန် ဖြစ်ပါကြောင်း၊ အရေးပါ၍ လွှမ်းမိုးမှုရှိသော နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်အနေဖြင့် တရုတ်-ဂျာမနီ တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ခြင်းသည် ကမ္ဘာအတွက် ပို၍ တည်ငြိမ်သော၊ သေချာရေရာမှုရှိသော ၊ အပြုသဘော စွမ်းအင်ကို အားသစ်လောင်းပေးခြင်း ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ဂျာမနီနိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများမှ ရလဒ်များစွာ ရရှိလာစေရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ 

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးသာ ဖြစ်ကြောင်း၊ စစ်မက်တာရှည်နေခြင်းသည် ဒုက္ခအကျပ်အတည်းများကို ပို၍တိုးစေမည်သာ ဖြစ်ရာ အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးကို အကောင်အထည်ဖော်ကာ ဥရောပ ရေရည် တည်ငြိမ်အေးချမ်းရေးနည်းလမ်းကို ရှာဖွေသင့်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ 

အလည်အပတ်ခရီးစဉ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ဂျာမနီ ဝန်ကြီးချုပ်၏ နိုင်ငံခြားရေးရာ အကြံပေး Jens Ploetner ၊ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး  Annalena Baerbock တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 


Ref - (ဆင်ဟွာ)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)