Pages

Pages

ရွှေတောင်မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို့သွားရောက်၍ အများပြည်သူသိရှိရေး ၊မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်





MNP ၊ မေ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အတွင်း မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ရွှေတောင်မြို့နယ်သဘာဝဘေးကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက အများပြည်သူသိရှိရေး၊မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။


      ထိုသို့အသိပေးနှိုးဆော်ရာတွင်   ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊က ရွှေတောင် မြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့သွားရောက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန နေပြည်တော်မှ ထုတ်ပြန်သည့် မုန်တိုင်းငယ် (Depression) အခြေအနေ အနေများအား အသံချဲ့စက်ဖြင့်လှည့် လည်အသိပေးခြင်းများ ဆောင်ရွက်ခြင်း၊ မုန်တိုင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းကျရောက်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းအဆင့်သတ်မှတ်ချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် ရှောင်ရှားရမည့်အချက်များ၊ မုန်တိုင်းပြီးချိန်တွင် ဆောင်ရွက်ရမည့်အချက် များနှင့် မုန်တိုင်းကျရောက်ပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပလပ်စတစ်ပုံးသည် ပြည်သူသို့ အသက်ကယ်နိုင်ကြောင်း စသည့်အချက်များအား  လိုက်နာဆောင်ရွက်နိုင်ရေးနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များအား လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး  မုန်တိုင်းဘေး၊လေပြင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment