အရည်အချင်းပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် ဝန်ကြီးချုပ် ဦးစိုးသိန်း မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရည်အချင်းပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် ဝန်ကြီးချုပ် ဦးစိုးသိန်း မှာကြား






MNP ၊ မေ ၈

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့်စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)လုပ်ငန်း ခွင်ဝင် သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး သင်တန်းဖွင့်ပွဲတွင်ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်က တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ စနစ်တကျလိုက်နာပြီး သင်ကြားပို့ချမှုများကို အလေးထားမှတ်သားနာယူကြပြီး ပေးအပ်လာ‌သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အရည်အချင်းပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန် မိမိကိုယ်ကို ကြိုးစားကြရန်၊ နိုင်ငံတော်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ချမှတ်ထားသော မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပြီး အရည်အချင်းပြည့်ဝသောအရာ ထမ်းငယ်များအဖြစ် အလေးထား လေ့လာသင်ယူသွားကြရန် ပြောကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်က စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းအတွက် ထောက်ပံ့ငွေများနှင့် (၂၄)ပြည်ပါ ဆန်အိတ်(၅၀)ထောက်ပံ့ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သင်တန်းသား၊ သင်တန်းသူများ ၏ စားရိပ်သာအဆောင်၊ အိပ်ဆောင်တို့ကို ကြည့်ရူစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား(၅၀)ဦး၊ သင်တန်းသူ(၅၀)ဦးတက်ရောက်ပြီး မေလ(၅)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)