ရသေ့တောင်မြို့ ဆိပ်ကမ်းများ၌မုန်တိုင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ ဆိပ်ကမ်းများ၌မုန်တိုင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်






MNP ၊ မေ  ၇ 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၌မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌဦးနိုင်လင်းထက်မှဦးဆောင်၍မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကိုယနေ့ နေ့လည်(၁၂)နာရီအချိန်က ဆိပ်ကမ်းများ၌ဖြန့်ဝေခဲ့ကြသည်။


ထို့သို့အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင်ပြည်သူများအနေဖြင့်မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာန( နေပြည်တော်)မှထုတ်ပြန်ထားသည့်အချက်အလက်များသိရှိစေရေးအတွက်ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် (၈.၅.၂၀၂၃)ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နိုင်ပါသည်။


 အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ (၉.၅.၂၀၂၃) ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး(၁၀.၅.၂၃)ရက်နေ့တွင်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့အားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါကြောင်းအခြေအနေများနှင့်မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာနမှထုတ်ပြန်ထားသည့်အချက်အလက်များအားသိရှိနိုင်ရန်သတင်းများ၊ရေဒီယိုများကြည့်ရှုနားဆင်ကြရန်နှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးဆောင်ရွက်ထားကြရန်ပြောကြားပြီးလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထုတ်ဝေသည့်မုန်တိုင်းဘေးပညာပေးလက်ကမ်းစာစောင်( ၁၀၀)ဖြန့်ဝေခဲ့ကြောင်းသိရသည်။


အဆိုပါအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်ဌာနများလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဝန်ထမ်းများနှင့်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနဝန်ထမ်းများမြို့နယ်ဌာနဆိုင်ရာများပူး‌ပေါင်းပြီးဖြန့်ဝေ‌ပေးခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)