MNP ၊ မေ ၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ်"ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" မြေစိုက်ပိုစတာများ စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြေစိုက်ပိုစတာစိုက်ထူရာတွင် မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အထက(မိုးညို)ကျောင်းရှေ့၌လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ စည်ပင်သာယာဈေးလမ်းဆုံ၌လည်းကောင်းစိုက်ထူခဲ့ကြသည်။
အဆိုပါမြေစိုက်ပိုစတာတွင် ၂၀၂၃ ခုနှစ်၊ မေလ (၂၃)ရက်နေ့ မှ မေလ(၃၁)ရက်နေ့ထိသည် ကျောင်းအပ်နှံရေးသီတင်းပတ် အဖြစ်သတ်မှတ်ထားရာ ကျောင်းသားမိဘများအနေဖြင့် သတ်မှတ်ထားသည့် သီတင်းပတ်အတွင်း မိမိတို့၏ သားသမီးများအား အချိန်မီ ကျောင်းအမြန်အပ်နှံရေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ဇင်ဦး၊ မြို့နယ်ပညာရေးမှုးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှုး ဦးသန်းဌေးနှင့်ဦးမျိုးမင်းဦး၊ ပညာရေးဝန်ထမ်းများက မြေစိုက်ပိုစတာအား စိုက်ထူပေးခဲ့ကြောင်း သိရသည်။
ကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment