Pages

Pages

တုံတာမြို့ ရပ်ကွက် -၂ ၌ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်


MNP ၊ မေ  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ ယမန်နေ့က မွန်းလွဲ (၃)နာရီတွင် ရပ်ကွက်-၂ သူကြီးအိမ်၌ နယ်လှည့်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်အဲန်းမေရီက သဘာဝဘေးဒဏ်နှင့် က‌လေးအလုပ်သမားပ‌ပျောက်ရေးအ‌ကြောင်းကို ဟောပြောပြီးနောက် ရပ်ကွက်နေပြည်သူများနှင့် ကလေးများကို ဝန်ထမ်းများ သယ်ဆောင်လာသော က‌လေးအလုပ်သမားပပျောက်ရေး နံရံကပ်အ‌ကြောင်းကို ရှင်းလင်းပြောကြားအပြီး ၎င်းကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်အား ရပ်ကွက်‌‌နေပြည်သူများနှင့် ကလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှု၍ သိလိုသည်များကို မေးမြန်း၊ မေးဖြေ ပြုလုပ်ကာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။


အဲန်းမေရီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment