Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်ကျေးရွာများသို့ သွားရောက်ပြီး ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်





MNP ၊ မေ  ၁၂

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ် ရေးအစီ အစဉ်များကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများက  ယမန်နေ့၊ နေ့လယ်(၁၂)နာရီက  မုန်တိုင်းအန္တရာယ်ကျရောက်လာနိုင်သည့် ကျေးရွာများသို့ သွားရောက်ပြီး ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


   ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး အဖွဲ့ဝင်များဖြစ်ကြသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်ဌေးနှင့်လူမှုရေးအဖွဲ့အသင်းအဖွဲ့တို့က ပုဏ္ဏားကျွန်းမြို့နယ် ဂူဝကျေးရွာ၊ ကျောက်ဆိပ်ကျေးရွာ၊ ပဲသူနန်းကျေးရွာများသို့ သွားရောက်ကာ မုန်တိုင်းအန္တရာယ်အသိပညာပေး ဟောပြောခြင်း၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးသူငယ်များကို မုန်တိုင်းမကျရောက်မီ ဘေးလွတ်ရာသို့ ဦးစားပေးရွှေ့ပြောင်းနိုင်ရေး၊ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက လူ၊ တိရစ္ဆာန်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု လျော့နည်းစေရေး အတွက် ဘေးလွတ်ရာ စုရပ်များအား ကြိုတင်စီမံဆောင်ရွက်ပေးခဲ့ကြပြီး၊ မုန်တိုင်းအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment