MNP ၊ မေ ၁၂
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်များ နှင့်ရင်ဆိုင်ကြုံတွေ့ လာပါကအရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန်အတွက်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွယ်ကယ်ဆယ်ရေးကိုယနေ့ နံနက် ၇ နာရီအချိန်ကအောင်တပ်ချောင်းအတွင်း၌ ဇာတ်တိုက် လေ့ကျင့်လျှက်ရှိသည်။
ထိုသို့ဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်ဆွေဦး နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူးဦးစန်းလွင်တို့ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မုန်တိုင်းကြောင့် ချောင်းအတွင်းမျောပါပြီးရေနစ်မြုပ်နေသူများအားရှာဖွယ်ကယ်ပေးခြင်း၊ ပြည်သူ့ များ အသက်အိုးအိမ်စည်းစိမ်များထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် သဏ္ဍာန် တူဇာတ် တိုက် လေ့ ကျင့် လျှက်ရှိကြောင်းသိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment