MNP ၊ မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်ရန်ကုန် - ပြည်လမ်း အထကရွှေတောင်ကျောင်းဝန်းအတွင်းရှိ စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအခြေခံအထက်တန်းကျောင်း တွင် ယနေ့နံနက်ပိုင်းကအထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးရဲမှူးနိုင်စိုးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ( သရက်တော၊ကြာနီကန်၊ယွန်းတန်း) ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါအဖွဲ့ဝင်များ စုစုပေါင်းအင်အား ( ၄၇၅) ဦးပါဝင်ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်း ယာဉ်( ၃) စီးဖြင့်စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment