Pages

Pages

ကျိုက်ထိုမြို့နယ်၌ သဘာဝဘေးအန္တရာယ် အသိပညာပေးမြေစိုက်နံရံကပ်ဘုတ်ပြသ




MNP ၊ မေ  ၁၅

       မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးကြိုကာလတွင်ဖြစ်တတ် သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့်လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ် တတ်သဖြင့် ပြည်သူများမှ သဘာဝဘေးအန္တရာယ်ကို ကြို တင်သိရှိကြစေရန်ရည်ရွယ်၍ ယနေ့နံနက် ပိုင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး အကြောင်းအရာများကို ကျိုက်ထို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ရုံးရှိ နံရံကပ်ပြဘုတ်တွင် ပြသ‌ ဆောင်ရွက်ခဲ့ သည်။


အဆိုပါမြေစိုက်ဘုတ်တွင် မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းတိုက်နေချိန်တွင် ရှောင်ရှားရမည့်အချက်များ၊မုန်တိုင်းတိုက်ပြီးပါက ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းများ၏အန္တရာယ်ကိုသဘောပေါက်လွယ်စေသည့်အရောင်ဖြင့်သတိပေးစနစ်များပါရှိသည့် အချက်များ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အကြံပြုချက်များ ကိုပြသထားသဖြင့် ပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment